Ep 15

2K 168 1
                                    

At night ,

Jennieစောင်အောက်မှာ ဇိမ်ကျကျအိပ်ရင်း ဇာတ်ကားကြည့်နေတယ်။

Lisa >nini ဟိုဘက်နည်းနည်းတိုးပေး

Jennie > ဘာလုပ်မလို့လဲ

Lisa > အိပ်မလို့

Jennie > ဘာ

Lisa ကလည်း ခွင့်ပြုချက်မရခင်မှာပဲ Jennieဘေးကိုဝင်အိပ်လိုက်တယ်။

တကယ်သာဆိုရင် အရမ်းချစ်ကြတဲ့မိန်းကလေးသူငယ်ချင်းနှစ်ယောက်ကြားမှာ ခွင့်ပြုချက်တောင်းဖို့လိုလို့လား။

Jennieလည်း ဟိုဘက်ကိုနည်းနည်းတိုးကာ ဇာတ်ကားကြည့်နေလိုက်တယ်။ liliက Jennieရဲ့ခါးကိုဖက်ထားပြီးအိပ်ပျော်သွားတယ်။ Lisaရဲ့လက်က လေးပေမဲ့လည်း niniမဖယ်ထုတ်ခဲ့ပါ။ liliရဲ့ပါးပေါ်ကိုလက်ကလေးတင်ကာ liliရဲ့မျက်ဝန်းကို အမြတ်တနိုးငေးကြည့်နေရင်း အိပ်ပျော်သွားတယ် ။ lili သန်ခေါင်းကျော် တစ်ရေးနိုးလို့ အချင်းချင်းကျောပေးအိပ်နေတဲ့အနေအထားဆိုရင်တောင် ချက်ချင်းပြင်တယ်။ ရသမျှအချိန်လေးမှာ niniကိုအမြဲတမ်းဖက်ထားချင်တယ်။ ချပ်ရပ်နေတဲ့ခါးပေါ်ကို လက်တင်ဘာ ပျော့အိနေတဲ့ပါးကိုလည်း နှုတ်ခမ်းနဲ့နမ်းလိုက် နဖူးနဲထိလိုက် feelခံနေတယ်။ niniရဲ့ အသက်ရှူသံကလည်း ပြင်းလှတယ်။

မိုးလင်းပြီ။

Lisa > nini ထတော့

Jennie > ဝါး ....ညောင်းလိုက်တာ

တစ်ဖက်တည်းကိုပဲလှည့်အိပ်နေတော့ ညောင်းမှာပေါ့

Lisa > အိပ်ရေးဝရဲ့လား

Jennie > အင်း

ဟူး ...ဒီနေ့ကျောင်းသွားရမှာမလား

Lisa > အင်း liliတောင်မျက်နှာသစ်ပြီးပြီး

Jennie > ဟုတ်လား အဲ့ဆိုသွားလိုက်အုံးမယ်

Nini မျက်နာသွားသစ်တော့ lisaက အဝတ်လဲတယ်၊သနပ်ခါးလိမ်းတယ်၊ပြီးတော့ အချိန်ဇယားအတိုင်းစာအုပ်တွေထည့်ထားတယ်။ ကျောင်းသွားဖို့ ready ပဲ။

ဒါပေမဲ့ Jennieကတော့ မဟုတ်ဘူးလေ။ သေတ္တာထဲက ကျောင်းဝတ်စုံကိုထုတ်ပြီး ညအိပ်ဝတ်စုံကိုချွတ်မယ်လုပ်တော့ ဘေးနားက liliကမျက်လုံးအပြူးသားထိုင်ကြည့်နေတယ်။

"ဘာကြည့်နေတာလဲ ဟိုဘက်လှည့်လေ"

"မိန်းကလေးချင်းပဲဟာကို"

"ရှက်တယ်လို့ ဟိုဘက်လှည့်"

"သိပါပြီ ဒါလောက်ဆိုရပြီလား"ဆိုပြီးမျက်နှာကိုတစ်ဖက်လွဲလိုက်တယ်။

၂စက္ကန့်ပဲကြာလိုက်တယ် ပြီးပြီlili

"မြန်တာ သေချာကောဝတ်ရဲ့လား" niniကိုခေါင်းဆုံးခြေဆုံး တစ်ချက်showလိုက်တယ်။

ပေါင်လယ်လောက်သာရှိတဲ့စကတ်ရယ် အနက်ရောင်ကုတ်အင်္ကျံလေးရယ် သပ်ရပ်လှပါပေတယ်။

ကျောင်းသွားတော့လည်း niniက liliရဲ့လက်ကလေးကိုချိတ်ပြီးသွားတယ်။

Lisa > ဟဲ့ ဟိုအခြောက်မလမ်းလျှောက်ပုံကြည့်လိုက်ပါအုံးမိန်းကလေးကျနေပဲ

Jennie လည့်ကြည့်လိုက်တော့ အဟင်ဟင် ချစ်စရာလေးပါဟ

Lisa > သူ့မှာကောင်လေး၅ယောက်တောင်ရှိတာတဲ့

Jennie > ဟုတ်လို့လား

Lisa > ဟုတ်တယ် သူများတွေပြောတာ

Jennie > ဝါး....၅ယောက်တောင်လား
ဟင့် niniမှာခါတစ်ယောက်မှမရှိဘူး

Lisa > ငါလည်းတူတူပဲလေ

Jennie > ဟူး . Lili ......

Lisa > ဟင်

Jennie > ..niniရုပ်နဲ့ နောက်ထပ်ဘဲဘယ်နှစ်ယောက်လောက်ရနိုင်သေးလဲ

Lisa > liliအထင်ပြောရရင်တော့  niနောက်ထပ်ဘဲမရနိုင်လောက်ဘူး

Jennie > ဘာပြောတယ်

ဒေါသလည်းထွက်ပြီးရယ်လည်းရယ်ချင်တော့ အော်ရယ်လိုက်တယ်။

Lisaကတော့ သူ့ရဲ့အပြောမှာ ကျေနပ်နေတယ်။တကယ်လည်းမရစေချင်လို့လေ။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now