Ep 7

1.8K 156 4
                                    

ထိုနေ့ညကတော့ niniအိပ်မပျော်ခဲ့ပေ။ မထင်မှတ်ဘဲ ချစ်ခြင်းဖွင့်ဆိုခံလိုက်ရတာရယ် ၊lili ပြန်သွားတော့ အခန်းထဲမှာ တစ်ယောက်တည်းအိပ်ရတာရယ် ၊အပြင်ဘက်မှာခွေးတွေအူနေတာရယ် စတဲ့အကြောင်းပြချက်ပေါင်းများစွာနဲ့ပေါ့။ ကုတင်ထက်တွင် ဒူးတုပ်ပြီးထိုင်ရင်း " ကြောက်လိုက်တာ 😭 "လို့ တစ်ကိုယ်တည်းညည်းရင်း ခေါင်းအုံးဘေးတွင်ချထားသောဖုန်းကိုကောက်ကိုင်ကာ သူမအရင်းနှီးဆုံး ဖုန်းနံပါတ်လေးတစ်ခုကို ဆက်လိုက်တယ်။

ီ 📲📲📲

Lisa > hello

Jennie > lili အိပ်နေပြီလား

ကြားရတဲ့အသံမှာ မူမမှန်ကြောင့် niniငိုနေမှန်းlisa သတိထားမိ၍ အလွန်ပင်စိတ်ပူသွားသည်။

Lisa > nini ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ

Jennie > အပြင်မှာခွေးတွေအူနေတာ အရမ်းကြောက်ဖို့ကောင်းတာပဲ😭😭

Lisa > မငိုပါနဲ့ niniမငိုနဲ့

ချစ်ရတဲ့ nini ကိုနှစ်သိမ့်ရင်း သူမပါ မျက်ရည်ကျမိအဖြစ်ပါပဲ။

Lisa > တောင်းပန်ပါတယ် nini ကိုထားခဲ့ပြီးအိမ်မပြန်ခဲ့သင့်ဘူး liliအမှားပါ😭

Jennie > မဟုတ်တာပဲ
ဟိုလေ ဒီည niniနဲ့စကားပြောပေးပါလား ဒီမှာတစ်ယောက်တည်းအရမ်းအထီးကျန်တယ် ပြီးတော့ nini အိပ်မပျော်လို့

Lisa > ရပါတယ် nini ကြိုက်သလောက်သာပြော မအိပ်ပဲနားထောင်ပေးမယ်

Jennie > တကယ်လား

Lisa > အင်း

nini ကျောင်းက ခရစ္စမတ်ပွဲကပျော်ဖို့ကောင်းလား

Jennie > ခရစ္စမတ်ပွဲလား အရမ်းကိုပျော်ဖို့ကောင်းတာပေါ့ ။ ဂိမ်းအစီအစဉ်တွေလည်းအများကြီး niniတောင်ရှုံးလို့ထွက်ကခဲ့ရသေးတယ်။

Lisa > ဟုတ်လား nini အကကိုကြည့်ချင်လိုက်တာ ချစ်ဖို့ကောင်းနေတော့မှာပဲ

Jennie. > အော် lili သေချာနားထောင် အရမ်းအရေးကြီးတာပြောစရာရှိတယ် 

Lisa > ဟုတ်ကဲ့ နားထောင်နေပါတယ်ရှင့်

Jennie  > ဟိုတစ်ခါ niniပြောဖူးတဲ့ အပြုံးချိုချိုနဲ့ crush လေးလေ သိလား

Lisa > သိတယ်လေ ဟိုသွေးစုတ်ဖုတ်ကောင်

Jennie > သွေးစုပ်ဖုတ်ကောင်မဟုတ်ပါဘူး အပြောအဆိုဆင်ခြင်ပါ။ သူ့နာမည်က Bam Bam  သူကပြောတယ် သိလား " niniကို အရမ်းချစ်တာပဲတဲ့
ပြီးတော့ niniပြန်ချစ်လာမဲ့နေ့ကို စောင့်နေပါ့မယ်တဲ့ " lili _niniဘာလုပ်သင့်သလဲ အဖြေပြန်ပေးလိုက်ရမလား အား...ရင်ခုန်လိုက်တာ အဟိ

တစ်ဖက်က ပြန်ဖြေတဲ့အသံလေးကို မကြားရတော့

ဟဲလို lili ကြားလား  ဟဲလို lili

Lisa > Nae ...

Jennie > nini သူ့ကိုပြန်ချစ်သင့်လားလို့

Lisa > သူ့ကို သဘောကျလား

Jennie > ဒါပေါ့ အများကြီး အများကြီး သဘောကျတာပေါ့
Lisa > အဲ့ဆို ဘာလို့ liliကိုမေးနေသေးလဲ

Jennie > မေးမှာပေါ့ lili က ni ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲလေ

ဘာလဲ lili က ni ကိုမချစ်ဘူးလား

"ချစ်တယ် ဒါပေမဲ့ သူငယ်ချင်းလိုတော့မဟုတ်ဘူး "လို့ liliစိတ်ထဲတွင် ရင်နာနာနဲ့ရေရွတ်နေလေရဲ့ ဒါကို niniကြားရင် သိပ်ကောင်းမှာပဲ။

Jennie  > မချစ်ဘူးလားလို့

Lisa > ချစ် .....ချစ်.... ချစ်ပါတယ်

ဘာကြောင့်မှန်းရယ်မသိ liliရဲ့ ချစ်ပါတယ်ဆိုတဲ့စကားကို Jennieနှစ်သက်သား။

ကြားရတဲ့သတင်းကမကောင်းလိုက်တာဗျာ nini သူ့ကိုအရမ်းချစ်တယ်တဲ့ lili ငိုချင်နေသော်လည်းဖုန်းမချသေး၍ ငိုလို့မရ။ ငိုချင်နေပြီဖြစ်တာကြောင့် ဖုန်းချဖို့ အကြောင်းရှာရတော့မယ်။

Lisa > ၂ နာရီတောင် ထိုးတော့မယ် niniအိပ်တော့လေ

Jennie > omm  lili လည်းအိပ်တော့နော် good night

Lisa >good morning bae

ဟုတ်တယ်လေ မနက်တောင်ရောက်နေပြီ lili အိပ်ပျော်မယ်လို့ထင်လား။

"ငါလည်းနင့်ကို အရမ်းချစ်တယ်လေ niniရေ့ ဟိုသွေးစုပ်ဖုတ်ကောင်နဲ့တောင်ယှဉ်ပြိုင်ဖို့အခွင့်အရေး ငါ့မှာမရှိတော့ဘူးလား။ ni သူ့ကိုအရမ်းချစ်တာပဲလား ။ ni ကို အဆုံးရှုံးခံရတော့မှာလား။ "

nini အပါအဝင် တစ်လောကလုံးအိပ်မောကျနေတဲ့အချိန်မှာ lili ကတော့ ဒဏ်ရာဗလပွနဲ့ အသက်ရှူဖို့တောင်ခက်ခဲနေရှာတယ်။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now