Ep 3

2.2K 174 1
                                    

ဒီနေ့က ကျောင်းတက်ရမယ့် ပထမဆုံးနေ့။

အလှပြင် ဖီးလိမ်းလို့ ပြီးသည်နှင့် သူတို့နှစ်ဦးကျောင်းသို့သွားခဲ့တယ်။ စာဂျပိုးတွေက ထိပ်ဆုံးခုံကို လုလေ့ရှိတယ်။

Jennie > အရှေ့ခုံလွှတ်တယ် ငါတို့အရှေ့ခုံသွားထိုင်ရအောင်
Lisa > ဟင့်အင်း အနောက်ပဲသွားမယ်

Jennie > အရှေ့မှာမှ ပိုမြင်ရတာ အနောက်မှာက မမြင်ရဘူး

Lisa > အနောက်မှာက အိပ်ငိုက်လို့ရတယ် အရှေ့မှာကငိုက်လို့မရဘူး

Jennie > ...yaa......

Lisa > yaa... မနေနဲ့ ဟိုမှာ သူများထိုင်သွားပြီး အဲ့တော့အနောက်ဆုံးခုံသွားမယ် လာ

Jennieလက်ကိုလက်ကိုဆွဲပြီး နောက်ဆုံးခုံမှာ ထိုင်ခိုင်းလိုက်တယ် ။ Lisaက အားနဲ့ဆွဲတာကြောင့် Jennieမရှုန်းသာပဲ လိုက်ပါသွားပြီး Lisaထိုင်ခိုင်းတဲ့နေရာမှာထိုင်လိုက်ရတယ်။
"နောက်ဆုံးတော့ ငါနေချင်တဲ့နေရာရခဲ့ပြီ ဟဲဟဲ "အောင်နိုင်သူအပြုံးလေးပြုံးပြီး Jennieဘေးမှာဝင်ထိုင်လိုက်တယ်။

ရှေ့ဆုံးတန်းမှာ နေရာမရ၍ စိတ်တိုနေသော Jennie

"အဲ့တာနင့်ကြောင့် နင်သာစကားမများရင် ငါအရှေ့မှာနေရာရနေလောက်ပြီ"

" ဘယ်တတ်နိုင်ပါ့မလဲ Jennieရာ ၊ခုတော့သုများနေရာဖြစ်သွားပြီ"

ထိုစဉ် ဆရာဝင်လာပြီ ကျောင်းသားအာလုံးတိတ်ဆိတ်လို့ မတ်တပ်ရပ်ကြတယ်။

Teacher > Good morning class

All student > Good morning teacher

Teacher >  ဒီနေ့ ကျောင်းတက်ရတာအဆင်ပြေရဲ့လား

All student > Nae ပြေပါတယ်

"မပြေပါဘူး Jennieစိတ်ထဲမှပြောလိုက်တဲ့စကားကို မည်သူမျှမကြားပေ။"

ဒါဆို ဆရာဒီနေ့သင်မယ့်သင်ခန်းစာက "$******&¢^*****&&¢^^•^^•••,,•"

မိနစ် ၄၀ ခန့်ကြာ၍ ဆရာစာသင်လို့ပြီး၏။

Jennieမှ လွဲ၍ ကျောင်းသားအားလုံးစာလိုက်ကူးနေကြတယ်။
Lisa > နင်ကလိုက်မကူးဘူးလာ

Jennie > မြင်မှမမြင်ရတာ ငါကအဝေးမှုန်😐

ထိုစကားကြားတော့ Lisaအကြီးအကျယ်နောင်တရသွားလေသည်။"အဲ့တာကြောင့် သူငါ့ကိုအရှေ့မှာ ထိုင်ဖို့ခေါ်တာကို အဲ့တာကိုတောင်မသိဘဲ ငါရဲ့ဆန္ဒကိုရှေ့တန်းတင်ခဲ့တယ် ငါတော်တော်မကောင်းတာပဲ တောင်းပန်ပါတယ် Jennie" ထိုအချိန် သူတို့ဘက်သို့ ဆရာဦးတည်လာနေတာကို Lisa မြင်၍ မိမိရေးထားသော စာအုပ်ကို Jennie ရဲ့ဗလာ ဖြစ်နေသော စာအုပ်နဲ့ လဲလိုက်တယ်။

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now