Ep 6

1.8K 148 3
                                    

Tutorial နောက်ဆုံးနေ့

Jennie > ဖြေနိုင်လား lili

Lisa > ဒီလိုပါပဲ

Jennie >  ဘာလဲ နိုင်ရင်နိုင်တယ် မနိုင်ရင်မနိုင်မဘူးပေါ့ ဒီလိုပါပဲတဲ့ဟွင့်!😒

Lisa > ဟုတ်တယ်လေ နိုင်တစ်ဝက်မနိုင်တစ်ဝက်လေ

Jennie > ထားလိုက်ပါတော့ 😒

စာမေးပွဲပြီးတော့ ဒီဇင်ဘာကျောင်း ၃ ရက်ပိတ်တယ် အိမ်နီးတဲ့လူတွေကတော့ အိမ်ကိုအလွမ်းပြေ အလည်ပြန်နိုင်ပေမဲ့ အိမ်ဝေးတဲ့လူတွေကတော့ ကျောင်းမှာပဲ ခရစ္စမတ်ပွဲလေးကျင်းပကြတယ်။

ခရစ္စမတ်ပွဲကား ကျောင်းသားအားလုံးမပါဝင်ပေမဲ့လည်း ကျန်ခဲ့တဲ့ကျောင်းသားအယောက်၁၀၀ကျော် လေးနဲ့ စည်ကားပြီးပျော်ဖို့ကောင်းတယ်။

ဘောလုံးကွင်းကြီးရဲ့ အလယ်မှာ မီးပုံအကြီးကြီးဖိုထားပြီး ဘေးပတ်ပတ်လည်တွင် ပလပ်စတစ်ခုံလေးနဲ့ကျောင်းသားများဝိုင်းဖွဲ့ကာ ခရစ္စမတ်သီချင်းဆိုကြ၊ကကြနဲ့ အရမ်းကို ပျော်စရာကောင်းလို့နေတယ်။
ဒါအပြင်ဂိမ်းအစီအစဉ်တွေကလည်း အသက်ဝင်လှတယ်။ သီးချင်းဖွင့်တာနဲ့ ဘောလုံးလေးကိုနဘေးကလူထံ လက်ဆင့်ကမ်းပေးရပြီး သီချင်းရပ်လိုက်ချိန်တွင် လက်ထဲဘောလုံးကိုင်ထားတဲ့လူက အရှေ့ထွက်ပြီး အခြားသူခိုင်းတဲ့အတိုင်းလုပ်ရတယ်တဲ့လေ။

Start,

🎶🎵Love ..........how you love to hate me

သီးချင်းစတာနဲ့ စည်းမျဉ်းအတိုင်းဘောလုံးကို လက်ဆင့်ကမ်းခဲ့ကြတယ်။

🎵🎶Kinda sad that you always been like that
See me making waves and
.
စက်သမားမှ သီချင်းပိတ်လိုက်ရာ ကံထူးသူကတော့ Jennie ပါပဲ
လက်ထဲဘောလုံးကိုင်လျက် ဆွံ့အ၊ အရှေ့ထွက်ပြီးကရတော့မှာကိုး။
အားလုံးရဲ့တောင်းဆိုချက်နဲ့  Jennie ကလေးသီချင်းတစ်ပုဒ်ကိုပုံဖော်ပြီးကခဲ့ရတယ်။ ရှက်နေတဲ့ရုပ်လေးနဲ့ ကလေးဆန်ဆန်အပြုအမူတွေကြောင့်  တစ်စုံတစ်ဦးသူမကိုသဘောကျသွားခဲ့တယ်။

🎶🎵and you don't like that
Driving through your puddles  goin' splish splash
(Splish Splash splish splash ) Jennieအကပြီးတော့ သီချင်းဖွင့်ပြီးဂိမ်းဆက်ကစားနေကြတယ်။

ဂိမ်းထဲအာရုံမရောက်ဘဲ တစ်ကိုယ်တော်စိတ်ကူးနဲ့ပြုံးနေတဲ့သူကတော့ Bam Bam ပါ။
" သူက ငါနဲ့ကားပေါ်မှာဆုံခဲ့တဲ့သူပဲ ချစ်ဖို့ကောင်းလိုက်တာ "

တစ်စုံတစ်ယောက်ကို ချစ်မိရင် အဲ့ဒီလူဆီကအချစ်ကိုလည်းပြန်လိုချင်တာဟာ ဓမ္မတာပါပဲ။

လူလေးနဲနဲချောင်လာတော့ Bam Bamက Jennieဆီကိုသွားခဲ့တယ်။

Bam Bam > အညော်စယော်

crush ကြီးက သူ့ကို လာနှုတ်ဆက်နေတော့ အံ့သြမှူအပြည့်နဲ့ Jennie " nae အညော်" စကားတွေထစ်ပြီး မျက်လုံးအပြူးသားနဲ့မော့ကြည့်နေတယ်။

"အစ်ကိုကို မမှတ်မိဘူးလား"

"မှတ်မိတာပေါ့  အဲ့ဒီအပြုံးကို "

"အဟင်ဟင် ထိုင်လို့ရမလား"

"ရပါတယ် " ဆိုပြီး ဘေးကိုနဲနဲရွေ့့ပေးလိုက်တယ်။

"တစ်ယောက်တည်းလား သူငယ်ချင်းတွေကော"

"သူတို့က အိမ်ပြန်သွားကြတယ်😓"

"ဟုတ်လား ညီမကောမပြန်ဘူးလား"
(မပြန်လို့ဒီမှာရှိနေတာပေါ့)

"မပြန်ဘူး ညီမအိမ်ကဝေးတယ်"

" အဆင်ပြေရဲ့လား အရင်လိုမငိုတော့ဘူးမလား"

" Nae မငိုပါဘူး "

" ကောင်းတယ် အစ်ကိုလည်းညီမငိုတာမမြင်ချင်ဘူး"

" ဘာလိုလဲ"

"ဘာလို့လဲဆိုတော့ ညီမငိုရင် အစ်ကိုရဲ့ ဒီနေရာကအရမ်းနာကျင်လို့ပဲ "ဆိုပြီး သူရဲ့ဘယ်ဘက်ရင်ဘတ်ကိုလက်နှင့်ဖိ၊ Jennie ရဲ့မျက်လုံးကိုတည့်တည့်ကြည့်ကာ လေးလေးနက်နက်ပြောနေတယ်။

ဆူညံနေတဲ့ပတ်ဝန်းကျင်ဆိုပေမဲ့လည်း သူတို့နှစ်ဦးအတွက်တော့ တိတ်ဆိတ်လျက်

"အဟင်ဟင် ...အစ်ကိုကအရမ်းအနှောက်သန်တာပဲ"

စိတ်လှူပ်ရှားမှူများကို ဖုံးကွယ်ရင်း ကလေးလို တခစ်ခစ်ရယ်နေလေသည်။

Bam Bam's mind >ဘာလဲဟ ငါကအတည်ပြောတာကို

"အစ်ကိုက နှောက်တာမဟုတ်ပါဘူး တကယ်ပါ ဒီလူသားသေးသေးလေးကိုချစ်မိနေတာပါ။" မျက်နှာ တည်တည်တံ့တံ့နဲ့အလေးအနက်ထားပြီး ဖွင့်ပြောလိုက်တယ်။

Jennie kim ဆို့အောက်မလား မအောက်ဘူးလားဆိုတာကိုတော့ နောက်တစ်ပိုင်းမှာ

တိမ်တိုက်နှလုံးသား (JENLISA) CompleteWhere stories live. Discover now