5

9.2K 799 6
                                    

Unicode
.
.
.
ခွပ်!!!

ပြင်းအားကြီးလွန်းတဲ့လက်သီးချက်ကြောင့် ဒေါင်း Daddy ရဲ့အလုပ်လုပ်သည့်စားပွဲပေါ်လှဲကျသွား၏။

ဘယ်သူမှဝင်ခွင့်မရှိတဲ့Daddy ရဲ့အလုပ်ခန်းထဲသားအဖနှစ်ယောက် စကား များနေခြင်းပင်။

နက်တိုင်ကိုဆွဲဖြုတ်ပြီးမျက်မှန်ကိုပါချွတ်ပစ်လိုက်တဲ့Daddyက သူ့အားသတ်မတတ်ကြည့်လာသည်။

Daddy စိတ််ဆိုးနေခြင်းကတော့ ဒေါင်းဟာ
အိမ်မကပ်တဲ့အိမ်ပြေးဖြစ်နေလို့ပါပဲ။

"တိရိစ္ဆာန်လောက်တောင်တန်ဖိုးမရှိတဲ့ကောင် မင်းလိုကောင်ကိုကျွေးထားရတာငါ့အတွက်အလကားဖြစ်တယ်သိရဲ့လား?''

Daddy စကားကြောင့် သူမဲ့ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်ကစီးကျနေတဲ့သွေးတွေကိုသူခပ်ကြမ်းကြမ်းသုတ်၍မထနိုင်တော့သည့်ကြားက ကုန်းရုန်းထလာ၏။

"ဘယ်သူကရောကျွေးခိုင်းလို့လဲ? Daddy မယားငယ်ကိုသာကျွေးနေလိုက်လေ''

"ဒေါင်းမိုးစက် မင်း!!!''

မယားငယ်ကိုထိလို့မျက်နှာမီးတောက်လာသည့်Daddy ကို သူ လှောင် ရီလိုက်မိသည်။

ဒါကြောင့် Daddy ကဒေါသကြီးစွာနဲ့
သူ့လည်ပင်းကအင်္ကျီကော်လံကိုဆောင့်ဆွဲလာသည်။

"မင်းစကားကိုကြည့်ပြော မင်းအမေကိုမစော်ကားစမ်းနဲ့!!!''

"အမေ အဟက်!!''

သူမျက်ရည်တွေကြားမှခနဲစွာတစ်ချက်ရီလိုက်မိသည်။

"အမေကDaddyသတ်လို့သေသွားပြီမှတ်လား ဘယ်ကလာတဲ့အောက်တန်းစားမက ကျွန်တော့်အမေဖြစ်ရမှာလဲ?''

"မင်း!!!''

ခွပ်!!!

ဒီတစ်ခါDaddyရဲ့လက်သီးကပိုပြင်းသည်ထင်ပါရဲ့။

သူစားပွဲပေါ်လဲသွားရာမှ စားပွဲကသူ့အားမခံနိုင်ဘဲကျိုးကျသွား၏။

စားပွဲပေါ်ကစာရွက်တွေကလည်းဟိုတစ်စဒီတစ်စဖြစ်ပြီး အလှပန်းအိုးကလည်းကွဲကြေသွားသည်။

ကွဲကြေသွားတဲ့ဖန်စပေါ်သူလဲသွားတာကြောင့် သူစာရေးသည့်ညာဘက်လက်ကဖန်စစူးလို့သွေးတွေစီးနေ၏။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now