23

6.1K 573 7
                                    

23

.
.
"လူကိုယ်တိုင်ကူညီပေးချင်ပေမယ့်မအားလို့စိတ်မကောင်းဖြစ်ရပါတယ်ဗျ''

"မဟုတ်တာ သားထောက်ပံ့လိုက်တဲ့ငွေတွေကနည်းတာမဟုတ်ဘူး ဒါကလည်းကူညီပေးတာပဲလေ အမျိုးသားကိုလည်းလာလည်ဖို့ပြောပေးပါဦး''

"ဟုတ်ကဲ့ဗျ အလုပ်တွေပါးသွားရင်တစ်ခေါက်ပြန်လာပါဦးမယ်ဗျ''

နွေရာသီကျောင်းပိတ်ရက်မို့သွေးရွာကိုပြန်ရောက်နေခြင်းဖြစ်သည်။

ရွာတွင်ရေကြီးရေလျှံမှုကိုထပ်၍မကြုံစေရန်အတွက် ချောင်းရဲ့တိုက်စားမှုလမ်းကြောင်းကိုပြုပြင်နေလေသည်။

သွေးကိုယ်တိုင်လည်းဒီကရွာခံမို့လုပ်အားပေးဝင်လုပ်ချင်မိသည်။

သို့သော် ဦးလွှမ်းဝဏ္ဏထည် သဘောထားကို သွေး အလေးနက်ထားဖို့လိုသေးသည်။

ကားမောင်းသင်ပေးမည်ဆိုခြင်းဟာ သွေးအတွက်သာဖြစ်သည်မို့ သွေး ကိုယ်တိုင်ကပိုပြီးကြိုးစားဖို့လိုလေသည်။

ရွာလူကြီးဆီထောက်ပံ့ငွေတွေကိုအပ်ပြီးတာနဲ့ သွေး ချက်ချင်းအိမ်ကိုပြန်လာလိုက်သည်။

"သား သွားတော့မယ် မေမေ ကျန်းမာရေးဂရုစိုက်ပါဗျ''

"အင်း သားကြီးရော ဂရုစိုက်''

အိမ်ပြန်ရောက်သောအခါ မေမေ့ကိုသူ
ဖွဖွနဲ့ခဏပွေ့ဖက်ပြီး ခြံအပြင်ကစောင့်နေသော ကားဆီတန်းဆင်းလာလေသည်။

အန်တီချိုကမြို့ကိုပြန်ရောက်နေသည်မို့
သွေး တို့အိမ်မှာ မေမေတစ်ယောက်တည်းသာရှိတော့သည်။

မကြာခင် အငယ်လေးပြန်ရောက်တော့မှာဖြစ်သည့်အတွက် မေမေကစိတ်မပူဖို့ပြောသေးသည်။

ဦးလွှမ်းဝဏ္ဏထည် အလုပ်မအားတာကြောင့် သွေး ကို အိမ်က ဒရိုင်ဘာနဲ့သာထည့်ပေးသည်။

--------

"ပြန်ရောက်ပါပြီဗျ''

နှစ်ရက်ခရီးမှာ သွေး ဘာအိတ်မှကိုယူဆောင်မသွားပါ။

ကျောပေါ်ကကျောပိုးအိတ်လေးက
ဟန်ပြသာဖြစ်ပြီး အထဲတွင်ဘာဆိုဘာမှမရှိချေ။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now