33

6.8K 603 24
                                    

33

.
"ဘာလို့ပို့တာလဲကိုကြီး ကျွန်တော်လည်းပိုက်ဆံရှာနေပါပြီဗျ ''

"အချိန်ပိုင်းအလုပ်ဝင်ထားတာသိတယ်
ဒါပေမဲ့ ဆေးကျောင်းသားက အချိန်ပိုင်းအလုပ်မလုပ်သင့်ဘူး ကိုကြီးကိုအားနာတာဆိုရင်နောက်မှကျေးဇူးပြန်ဆပ်ပါ မေမေ့ကိုလည်းများများဂရုစိုက် ''

"ဟုတ်ကဲ့ပါဗျ ကိုကြီးရောအဆင်ပြေရဲ့လား ''

"ပြေတယ် ကိုကြီးကိုအားနာရင် အလုပ်ထွက်လိုက်ပါ ငယ်လေး''

"ဟုတ်ကဲ့ ထွက်လိုက်ပါမယ်ဗျ''

ပိုက်ဆံပို့လိုက်တာကြောင့် အငယ်လေးက
ဘာကြောင့်ပို့ရတာလဲဆိုသည်။

အငယ်လေးအားစာကိုသာအာရုံစိုက်စေချင်သောကြောင့်အချိန်ပိုင်းအလုပ်ဝင်ထားတာကိုထွက်စေပြီး မုန့်ဖိုးလည်းလုံလုံလောက်လောက်ပို့ပေးခဲ့ခြင်းဖြစ်သည်။

အငယ်လေးက ကိုကြီးပိုက်ဆံတစ်ရာရှာနိုင်ရင်သူလည်းတစ်ရာရအောင်ရှာမည်ဆိုပြီးငယ်ငယ်တည်းက အမြဲပြောလေ့ရှိသည်။

အငယ်လေးမလိုချင်မှန်းသိသည်။

သို့သော် အစ်ကိုဖြစ်သူစိတ်သောကတွေဖြစ်နေချိန်မို့ အလိုက်သိလိုက်ခြင်းဖြစ်ပေသည်။

သွေးလည်းအပြည့်အဝယုံကြည်သည်။
ငယ်လေးသူ့စကားကိုနားထောင်လိမ့်မည်ဆိုတာ။

"မောင်လေး Meeting ''

အပြင်မှ အစ်မနောရီရဲ့အသံကြောင့်
သွေး နာရီကိုတစ်ချက်ကြည့်ပြီး အဓိကသောဖိုင်အုပ်ကိုကောက်ယူလိုက်သည်။

ကုမ္ပဏီရောက်ပြီးမကြာ ငယ်လေးဖုန်းဆက်လာတာကြောင့် ညီအစ်ကိုနှစ်ယောက်စကားတွေပြောလိုက်ရာ Meeting ချိန်တောင်ရောက်လုလေပြီ။

သွေးအတွက်တော့မိမိအဆင်မပြေမှာထက် မိမိချစ်တဲ့သူတွေအဆင်မပြမှာပိုကြောက်သည်။

ဒါ့ကြောင့် ဘယ်သူတွေဘာမေးမေးအဆင်ပြေတယ်လို့သာပြောလိုက်ခြင်းဖြစ်ပေသည်။

တကယ်တမ်းက ဝေဒနာကိုရင်နဲ့မဆံ့အောင် တစ်ယောက်တည်းတိုးတိုးတိတ်တိတ် ခံစားနေရသည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now