Extra (6)

4.5K 202 5
                                    

Extra (6)

သွေးတို့ရွာကိုပြန်ရောက်နေပြီဖြစ်သည်။

မကြာခင် အငယ်ကခရီးထွက်ရဖို့ရှိနေတာကြောင့် မထွက်ခင်အချိန်ထိ မိသားစုလိုက်အတူအချိန်ကုန်ဆုံးစေလိုသည်။

ထို့ကြောင့် အလုပ်တွေကိုလည်း ယုံကြည်အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီခဏအပ်ထားလိုက်ရသည်။

သွေးအတွက်ကား နွေးထွေးမှုလိုနေတဲ့ မိမိသူငယ်ချင်းကိုထားခဲ့ပြီး ရွာကိုပြန်ရောက်နေတာကြောင့် နောက်ဆံတင်းနေ၏။

သူဒုက္ခရောက်တုန်းကဆို ဒေါင်းကအမြဲ
အကူအညီပေးသည်။နှစ်သိမ့်ပေးသည်။

သို့သော် သူကတော့ ဒေါင်းကိုဘာမှပြန်
မကူညီလိုက်ရ။သူငယ်ချင်း မပီသ သလိုဖြစ်နေတာ
ကြောင့် သွေး ပင့်သက်သာရှိုက်နေမိသည်။

တစ်ဖက် မိသားစုကိုလည်းပစ်ထား၍မရ။
အငယ်ခရီးမထွက်ခင်အချိန်ထိ မိမိတို့မှာကြိုတင်ပြင်ဆင်စရာတွေများစွာရှိသေးသည်။ မိမိတို့ရိုးရာဓလေ့အတိုင်း လုပ်စရာတွေရှိသေးသည်။

သို့ကြောင့်လည်း ဒေါင်းကိုဖုန်းနဲ့သာသူအကူညီပေးနိုင်တော့မည်။

"ဘာတွေတွေးနေတာလဲ သွေး''

ဖုန်းကိုင်ပြီးအပြင်ကို ငေးနေတဲ့
ကောင်လေးက အတွေးလွန်နေပုံပေါ်သည်။ မေးလိုက်ပါမှ လူကိုသွားဖြီးပြလာပြီး ခေါင်းယမ်းသည်။

Shampoo ရနံ့သင်းတဲ့ဆံပင်လေးတွေက
လေယူရာအတိုင်းယိမ်းနေ၏။
တီရှပ်အဖြူနဲ့ဘောင်းဘီတိုအဖြူ
ကိုတွဲဝတ်ထားသည်မို့ ဝါဂွမ်းလေးအတိုင်းဖြူဖြူလုံးလုံးကြီးဖြစ်နေသည်။

"ဒီအချိန်ကိုမှတ်မိသေးတယ်ဗျ ဦးပြန်လာမယ့်လမ်းကိုမျှော်ရင်း ကျွန်တော်ကူကယ်ရာမဲ့နေတဲ့အချိန်ပေါ့''

ပင့်သက်ရှိုက်ရင်းပြောသောကောင်လေးကို လွှမ်းဝဏ္ဏထည် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

သူ့ accident က သွေးကိုစိတ်ဒဏ်ရာ
ရစေခဲ့တာပဲ။
သူလည်းအတော်ကိုသတိထားခဲ့ပါတယ်။
ဒါပေမဲ့ ကံတရားကို သူမှ မလွန်ဆန်နိုင်ခဲ့ဘဲ။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now