8

7.8K 734 5
                                    

8

.
"ဦး ကျွန်တော်ဒေါင်းနဲ့အပြင်လျှောက်လည်လို့ရမလားဗျ''

ကျောင်းပိတ်ရက်ဖြစ်သည့်စနေနေ့မနက်ခင်းထမင်းစားချိန်လေးတွင် အခြေနေကိုကြည့်ပြီး သွေးခွင့်တောင်းလိုက်ခြင်းဖြစ်သည်။

ချက်ချင်းအကြောင်းမပြန်သည့်ဦးလွှမ်းဝဏ္ဏထည် က ကော်ဖီသောက်ရင်းသွေးကိုအကဲခတ်၏။

"သဘော''

"ဟုတ်ကဲ့ ''

ဦးလွှမ်းဝဏ္ဏထည် ခွင့်ပြုပေးသော်လည်းသွားရမည့်သွေးမှာစိတ်က လေးနေ၏။

ပိတ်ရက်လေးမှာကူညီမယ်မရှိလျှောက်သွားနိုင်သေးတယ်ဆိုပြီးဘယ်သူကမှမပြောပေမယ့် သွေးစိတ်ကသွေးကိုပြန်ပြီးသတိပေးသည်။

မေမေသိရင်လည်းဆူမှာကျိန်းသေ။

သို့ပေမယ့် သွေး ဒေါင်းကိုကတိပေးထားသည်။

ဒီကတိကိုတော့တည်မှဖြစ်တာကြောင့်သွေး သွားဖို့ရွေးချယ်လိုက်သည်။

အနီရောင်တီရှပ်လက်တိုပွပွကို ဒူးအထိရှိသည့် အမည်းရောင်ဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်၍ အောက်ဆင်းလာတော့ ဧည့်ခန်းမှာ ဦးလွှမ်းဝဏ္ဏထည် နဲ့ဆုံပြန်သည်။

ဆိုဖာအားနားထင်ထောက်လျက် သွေးကို
မျက်စိတစ်ဆုံးကြည့်နေတဲ့ ဦးလွှမ်းဝဏ္ဏထည် ။

နောက် ဆိုဖာကထပ်လာ၍သွေးဆီတည့်တည့်လျှောက်လာသည်။

"အင်္ကျီကိုဘောင်းဘီအောက်လျှိုလေ''

စတိုင်ဖမ်းတယ်ဆို၍အထင်ခံရမှာစိုးတာကြောင့် တင်ပါးအထိရှည်သည့်အင်္ကျီကိုသွေးဒီတိုင်းရိုးရိုးဝတ်ဆင်သည်။

ဦးလွှမ်းဝဏ္ဏထည် ပြောတော့မှအင်္ကျီကိုဘောင်းဘီအောက်လျှိုလိုက်၏။

ပြောအတိုင်းလုပ်တော့ဦးလွှမ်းဝဏ္ဏထည်ကလိမ္မာတယ်ဆိုသည့်ပုံစံနဲ့သွေးကိုကြည့်ပြီး သူဝတ်ထားတဲ့ အမည်းရောင် အပေါ်ကုတ်အားချွတ်၍ သွေးကိုယ်ပေါ်လွှမ်းခြုံပေးလာသည်။

"ရုပ်ရှင်ကြည့်မယ်ဆိုရင်အရှေ့မှာမထိုင်နဲ့
မျက်လုံးထိမယ် အမြင့်ကြောက်ရင် မိုးပျံရထား မစီးနဲ့ ရေကြောက်ရင် ရေနဲ့ပတ်သက်တာတွေကိုဝေးဝေးရှောင်
သရဲကြောက်ရင် သရဲအိမ်နားယောင်လို့တောင်မသွားနဲ့ တစ်ခုခုစားမယ်ဆိုရင်အစပ်ရှောင်အစိမ်းတွေရှောင် ကြားလား ?''

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now