ဇာတ်သိမ်းပိုင်း

11.9K 623 9
                                    

Final

.
မင်္ဂလာရှိသောနံနက်ခင်းအချိန်

အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲ
လူသံတွေကဆူလို့ညံလို့ ငိုသံတွေရော
ရီသံတွေရော ရောနှောကာရှိနေသည်။

လေဆိပ်တစ်ခုလုံးအေးစိမ့်နေလိုက်တာများ ခိုက်ခိုက်တုန်အောင်ချမ်းသည်။

သူ့ Center နဲ့သူ ထိုင်စောင့်နေကြသောလူတွေ
Speaker မှတဆင့် တာဝန်ရှိသူများရဲ့
မြန်မာလိုရော English လိုရောသတိပေးသံတွေ

သက်ဆိုင်ရာကပေးလိုက်တဲ့စာရွက်အားယူပြီး အချက်အလက်ဖြည့်နေကြတဲ့လူတွေ

ဓာတ်လှေကားမှာရော စက်လှေကားတွေမှာပါ လူတွေပြည့်နှက်ပြန်သည်။

စားသောက်ဆိုင်တွေသာမက မုန့်မျိုးစုံဆိုင်လည်းရှိသည်။

ဝင်ပေါက်ထွက်ပေါက်တွေမှာလုံခြုံရေးတွေတင်းကျပ်ထားသည်။

Singapore korea japan china စသော
နိုင်ငံတွေနဲ့သက်ဆိုင်သည့် Center ရှိရာ
ဘယ်ဘက်ခြားက Coffee ဆိုင်တွင်.....

"သားကိုချစ်ရင်ကျန်းမာရေးဂရုစိုက်ပါDaddy အဝေးကနေစိတ်ပူအောင်မလုပ်ပါနဲ့''

သားဖြစ်သူကပြောတော့ Daddy က
ဟက်ခနဲရယ်သည်။

ကလေးကလူကြီးကိုပြန်၍ဆုံးမနေသောအဖြစ်မျိုး။

"သားလည်းအဝေးမှာဂရုစိုက် Daddy က
အမိမြေကနေ သားရဲ့သတင်းကောင်းတွေကို တစ်ချိန်လုံး နားစွင့်နေမှာ''

"မစိုးရိမ်ပါနဲ့ Daddy ဂုဏ်ယူရတဲ့သားအဖြစ်နဲ့ပြန်လာခဲ့မယ်''

သားအဖနှစ်ယောက်ရဲ့ရှေ့တွင်သွေးရှိနေပြီး နံဘေးတွင် Daddy ရဲ့လူနှစ်ယောက်ရှိလေသည်။

"ငါ့သူငယ်ချင်းလုပ်နိူင်မှာပါ နောက်ဆို
အတူတူအလုပ်တွေတွဲလုပ်ကြတာပေါ့
ဒေါင်း''

သွေးအခုလိုပြောတော့ ဒေါင်းကပြုံးလေသည်။

"ငါကအခုမှစမှာ မင်းက လူတကာမရောက်နိုင်တဲ့ ဟိုးအမြင့်ဆုံးကိုတောင်ရောက်သွားပြီ ဂုဏ်ယူပါတယ်သွေး
ပြီးတော့ အားကျတယ် ''

"ငါလည်းမင်းအတွက်ဂုဏ်ယူချင်တယ်
ကြိုးစားပါ ဒေါင်း''

အမိမြေကိုစွန့်ခွာရမှာမို့ စကားတွေကပြောလို့မပြီးတော့ချေ။

အဖြူရောင်စာမျက်နှာ(Complete) Unde poveștirile trăiesc. Descoperă acum