10

8.3K 704 7
                                    

10

"ဦး လွှမ်း ဝဏ္ဏ ထည်!!!''

မကျယ်ပါသော်လည်း အံကြိတ်ကာ တစ်လုံးချင်း ရေရွတ်နေပုံအရဒေါအပြည့်ကိန်းအောင်းနေပုံပင်။

ခြေအစုံကိုရပ်၍နောက်သို့လှည့်သည့်အခါ သူ့ဆီ စူးစူးဝါးဝါးနဲ့လျှောက်လာသော ဒေါင်းမိုးစက် ။

သူ့အလုပ်အထိဘာကြောင့်လိုက်လာမှန်း လွှမ်းဝဏ္ဏထည် သိနှင့်သည်။

ကုမ္ပဏီဝင်ပေါက်တည့်တည့်မှာတွေ့ကြခြင်းပင်။

"ကျွန်တော်ဘာကြောင့်လိုက်လာလဲ
ဦးလွှမ်းဝဏ္ဏထည် သိမှာပေါ့''

"သိတယ် အဲ့တော့''

"အဲ့တော့ဟုတ်လား? ဦးလွှမ်းဝဏ္ဏထည် တမင်သက်သက် လုပ်တာမှတ်လားပြောစမ်းပါ ကျွန်တော့်
အမေရဲ့အိမ်ကိုဝယ်လိုက်ရတဲ့အကြောင်းပြချက်လေး''

"ငါ့လုပ်ထားတာအတွက်ငါ့မှာအဖြေရှိပြီးသား ဒါပေမယ့် မင်းကရော ဘာကိုမကျေမနပ်ဖြစ်တာလဲ လိုအပ်တဲ့အဖြေကိုပဲ ရှင်းရှင်းပြော''

ပြန်မေးလိုက်သောအခါ ဒေါင်းမိုးစက်က လွယ်လွယ်လေးပါဆိုသည့်ပုံစံနဲ့ လှောင်ပြောင်ပြုံးသည်။

"ကျွန်တော့်အမေအိမ်ဖြစ်နေလို့ ဘာနဲ့မှအစားထိုးလို့မရတဲ့အမေ့ရဲ့အိမ် ရှင်းပြီလား?''

"ငါ့အဖြေကလည်းရှင်းတယ် ရောင်းလို့ဝယ်တာ ဒါပဲ ဘာသိချင်သေးလဲ?''

ရောင်းသူနာမည်ထည့်မပြောသော်ငှားလည်းသိနေပြီ
ဖြစ်တဲ့ ဒေါင်းမိုးစက်က အသားဆတ်ဆတ်တုန်လျက် အံကြိတ်နေရဲ့။

"ဘယ်မှာလဲ စာချုပ် အခုပြန်ပေး ကျွန်တော်မနက်ဖြန်ချက်ချင်းပိုက်ဆံလာပေးမယ်''

"မင်းရဲ့မသန့်ရှင်းတဲ့ငွေမည်းတွေကို
ငါလုံးဝလက်မခံနိုင်ဘူး ဒေါင်းမိုးစက် ''

"ငွေမည်း! ခင်ဗျားဘာကိုပြောချင်တာလဲ?''

သူရဲ့လျှို့ဝှက်ချက်ကိုတခြားသူမသိဟုထင်နေပုံပင်။

အခုလို လွှမ်းဝဏ္ဏထည် က သိနေတော့
ဒေါင်းမိုးစက် ဟာ အံ့သြမှု တစ်သောင်းတသီနဲ့။

"မင်းအကြောင်းကိုငါကောင်းကောင်းသိတယ် ဒေါင်းမိုးစက် မင်းအမေရဲ့အမွေကိုမင်းတကယ်တန်ဖိုးထားတယ်ဆိုရင် မင်းရိုးရိုးသားသားရှာလို့ရတဲ့ပိုက်ဆံနဲ့ပြန်လာရွေး''

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now