6

8.6K 782 10
                                    

Unicode
--------------
.
သွေးဒီမနက်ကျောင်းသွားဖို့အားလုံးပြင်ဆင်ပြီးအောက်ဆင်းလာတော့ ဦးလွှမ်းဝဏ္ဏထည် ကထုံးစံအတိုင်းအရင်ရောက်နှင့်ပြန်သည်။

သွေးအစောကြီးထပါသော်လည်းဘယ်သောအခါမှ
ဦးလွှမ်းဝဏ္ဏထည် ကို မမှီခဲ့ပါ။

ထုံးစံအတိုင်း နှုတ်ဆက်ပြီးမနက်စာစားသုံးကြသည်။

"မုန့်တွေအပိုထည့်ပေးထားတယ် သူငယ်ချင်းဆိုသူနဲ့စား ''

သွေးအိတ်ထဲမုန့်တွေထည့်ပေးပြီး
ဦးလွှမ်းဝဏ္ဏထည် က အမှာစကား​ခြွေသည်။

ရေနွေးဘူးပါထပ်ထည့်ပေးပြန်သည်။

ဒီမနက်မိုးမရွာတာကြောင့်သွေးထီးယူမသွားတော့။

အကယ်၍မိုးရွာခဲ့သည်ရှိသော် အပြင်မထွက်ဘဲ ဦးလာသည်အထိအခန်းထဲစောင့်နေဖို့ရာ ဦးလွှမ်းဝဏ္ဏထည် က ဂရုတစိုက်နဲ့ မှာကြားသေးသည်။

"ဦး အလုပ်မှာဂရုစိုက်ပါဗျ''

"အင်း ကျောင်းထဲဝင်တော့''

"ဟုတ်ကဲ့''

ကောင်လေးကျောင်းထဲဝင်သွားတော့မှ
လွှမ်းဝဏ္ဏထည် အလုပ်သွားရတာနေ့တိုင်းပင်။

သူ့အုပ်ချုပ်မှုအောက်က ကောင်လေးမို့
တစ်ခုခုအမှားအယွင်းဖြစ်လို့မဖြစ်ပါ။

အမြဲအရိပ်တကြည့်ကြည့်လုပ်နေရသည့်အပြင် ကလေးတစ်ယောက်လိုလည်းနေရာတိုင်းလိုက်ပြောရပြန်သည်။

စကားအများကြီးပြောရတာမကြိုက်သော်ငှားလည်း ဒီကလေးမို့ ပြောဖြစ်အောင်ပြောရမှာအသေအချာဖြစ်၏။

~~~~~~

သွေးအတန်းထဲဝင်တော့သူအရင်ထိုင်နေကျနေရာလေးမှာ ဒေါင်းကိုတွေ့လိုက်ရသည်။

မျက်နှာတစ်ခုလုံးမှာဒဏ်ရာတွေနဲ့အပြင်နှုတ်ခမ်းထောင့်တွေပါကွဲအက်နေပြီး ညာဘက်လက်ကလည်းပတ်တီးစည်းထားပြန်သည်။

"ဟေ့ သွေး'''

သွေးကိုတွေ့တော့ ပြုံးပြရှာသူ။
သွေးလည်းသူ့အနားဝင်ထိုင်လိုက်၏။

"မင်းအဆင်ပြေရဲ့လား ဒေါင်း''

ကိုယ်ချင်းစာမှုအပြည့်နဲ့မေးလိုက်သောအခါ ဒေါင်းကခပ်ပြုံးပြုံးဖြင့်သွေးရဲ့ပါးပြင်တစ်ဖက်ကိုဆွဲညှစ်လေသည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now