31

6.1K 549 16
                                    

31

.
.
နိုးထလာသည့်အချိန်တိုင်းနာကျင်မှုအပြည့်နဲ့ အသက်တစ်ချက်ရှူလိုက်တိုင်း ရင်ဝတွင် မြှားစိုက်ထားသလို ရင်ဝဟာအောင့်သက်သက်နဲ့ပင်။

သက်ပြင်းတစ်ချက်ကိုစိတ်ပျက်စွာချလိုက်ရင်း ငါ့အသက်ရှင်နေသေးပါလား
ဆိုတဲ့အသိကသွေးကိုပျော်ရွှင်မှုမပေးနိုင်ခဲ့ချေ။

ဦးရဲ့အသံ ဦးရဲ့အရိပ်ယောင်ကိုမြင်တွေ့
ခွင့်မရတဲ့ကာလအတွင်း သွေး မှာ ပျော်စရာဆိုလို့ ဘယ်နေရာမှကိုရှာလို့မတွေ့။

သုံးလပြည့်ခါနီးနေပါပြီ။ ဦးမရှိဘဲသွေးတစ်ယောက်တည်းရှင်သန်နေခဲ့ရတာ
တစ်ခါတလေ လွမ်းလွန်းလို့ရူးမတတ်အော်ငိုမိသည်။

နင်းချေခံလိုက်ရသည့်အခါ ဦးရင်ခွင်ထဲတိုးဝင်ချင်လှသည်။

အန်တီချိုက အခုချိန်ထိ ဘာအကြောင်းမှမပြန်သလို သွေးပို့ထားတဲ့စာတွေဟာလည်း အခုထိ Seen မပြသေးချေ။

မက်နေကျအိပ်မက်မှာတော့ ဦးသည် သွေးကိုအမြဲကျောခိုင်းပြီးအဝေးကိုတရွေ့ရွေ့ထွက်သွားသည်။

တစ်ခါတစ်ရံမျှော်လင့်ချက်တွေအဓိပ္ပါယ်မရှိတော့သလိုခံစားရသော်လည်း
တစ်ခါတစ်ရံမှာတော့ ကိုယ့်ကိုယ်ကိုယ်ပြန်၍အားပေးရသည်။

တစ်ခါတစ်ရံကျပြန်တော့လည်းငါများရူးနေပြီးလားဆိုတဲ့စကားနှင့်ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးသတ်မိသေးသည်။

မနက်ခင်းကို သွေး အမင်္ဂလာနှင့်သာကြိုဆိုပြီး ရေမိုးချိုးသန့်စင်လိုက်လေသည်။

အင်္ကျီိကိုတော့ အနီနဲ့အနက်ကိုသာဝတ်တော့၍ ကျန်အရောင်တွေအားလုံးကို
ဗီရိုတစ်ခုထဲထည့်ကာ အပြီးပယ်စွန့်ပစ်လိုက်ပြီဖြစ်သည်။

အလုပ်သွားဖို့အားလုံးပြင်ဆင်ပြီးလို့အောက်ကိုဆင်းသည့်အခါ ဒေါ်နှင်းက ထုံးစံအတိုင်း သွေးစားဖို့အားလုံးပြင်ထားလေသည်။

"မစားတော့ဘူး တီနှင်း ကျွန်တော်အလုပ်သွားတော့မယ်''

"နည်းနည်းဖြစ်ဖြစ်တော့စားပါသားရယ်''

ဒေါ်နှင်းက တောင်းဆိုလာတော့ သွေး နွားနို့ကို တစ်ငုံသောက်ပြီး ပေါင်မုန့်တစ်ချပ်ကို ကောက်ဝါးရင်း အိမ်ရှေ့ထွက်ကာ ကားပေါ်တတ်တော့သည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now