30

7.1K 581 19
                                    

30

.
.
"သားလေးအတွက် ဒေါ်နှင်း..''

သွေးDining roomထဲ ဝင်လိုက်သည့်အခါ
ကျောပေးကာစကားပြောနေတဲ့ဒေါ်နှင်းက အနောက်ကိုလှည့်လာစဥ် သွေးကြောင့် စကားမဆုံးနိုင်ဘဲ လမ်းတစ်ဝက်တွင်ရပ်တန့်သွားခဲ့ရသည်။

သွေးပုံစံဟာ အရင်လိုပုံမှန်ဆိုပေမယ့်
အနီးကပ်ဆုံးသောသူအဖို့ ဘာဖြစ်လို့ဖြစ်နေမှန်းတန်းသိသည်။

နတ်ဆိုးလေးပမာအသွင်ဆောင်သည့်သွေးသည် အနက်ရောင်တီရှပ်လက်ရှည်ကိုဝတ်ဆင်ထားပြီး ဘောင်းဘီရော
နက်တိုင်ကပါ အနက်ရောင်ဖြစ်နေသည်။

ရှင်းရှင်းပြောရသော် တစ်ကိုယ်လုံး အနက်ရောင်နဲ့ဖြစ်ပြီး မျက်ဝန်းကအကြည့်တွေဟာအေးစက်စက်နဲ့ အသက်မဲ့လို့နေသည်။

လည်ပင်းထက်အင်္ကျီပြင်၌တွဲလျောင်းကျနေသောဆွဲကြိုးတွင်ငွေရောင်လက်စွပ်နှစ်ကွင်းကတောက်တောက်ပပရှိလေသည်။

အနက်ရောင်ရဲ့ရောင်ပြန်ဟပ်မှုကြောင့်နဂိုဖြူနေသောသွေးက အာရှသားတို့ကဲ့သို့ဖြူအုလေပြီး အရင်ကထက်လည်းချောလွန်းပြန်သည်။

သွေးပုံစံကြောင့်ဒေါ်နှင်းအံ့သြနေမှန်း သိသည်။ သို့သော် ဖြေရှင်းချက်တို့တစ်စုံတစ်ရာမှမပေးမိပါချေ။ ခုံ၌ဝင်ထိုင်ပြီး စားပွဲပေါ်က ဟင်းတွေကို လိုက်လံကြည့်ရှူလို့ပြီးသောအခါ အနားရပ်နေသောဒေါ်နှင်းကို ကြည့်လိုက်သည်။

"ကျွန်တော်နဲ့အတူတူစားပေးရင်ကောင်းမယ်ဗျ အမြဲတစ်ယောက်တည်းဖြစ်နေတော့ ထမင်းနဲ့ဟင်းတွေက တမာထက်ပိုခါးသလိုခံစားရတယ် ပြီးတော့အခုတလောစိတ်မကြည်ဘူး ''

သွေးရဲ့စကားကြောင့်ဒေါ်နှင်းက ဖွဖွပြုံးလေသည်။

"စားပေးမှာပေါ့ သားလေးရယ် ''

ဒေါ်နှင်းကသွေးနံဘေးကခုံတွင်ချက်ချင်းဝင်ထိုင်သည်။

အဖော်စားပေးတယ်ဆိုရအောင်လည်း
ဒေါ်နှင်းက ဘာမှကိုရေရေရာရာမစားချေ။
သွေးပန်းကန်ထဲကိုသာဟင်းတွေ
တစ်ခုပြီးတစ်ခုထည့်ပေးပြီး ကြီးနေတဲ့
အသားတုံးတွေကို သေးသေးဖဲ့ပေးသည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now