20

7.3K 640 13
                                    

20

.

"ဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင့် ဒီကြားထဲကြိုးတွေဘာတွေပြတ်ရင်ချက်ချင်းပြန်လာလဲနိုင်ပါတယ်ရှင့်''

ဂီတာရောင်းတဲ့ဆိုင်တစ်ခုထဲ ဒေါင်း
ရောက်နေခြင်းဖြစ်သည်။

ဘဝကစကားပြောချင်စိတ်ပင်မရှိတော့အောင် စုတ်ပြတ်နေတော့ ဒေါင်း ဂီတာနဲ့အဖော်ပြုဖို့သာဆုံးဖြတ်လိုက်သည်။

ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားမှုပြန်သမျှကို ဂီတာနဲ့ အလဲအလှယ်လုပ်ပစ်ရတော့မည်။

ဂီတာလေးလွယ်ပြီးဆိုင်အပြင်ထွက်တော့
မျက်စိထောင့်က ဖျတ်ခနဲ ဆိုသလို
တစ်ချိန်က လောင်းကစားအတူတူလုပ်ခဲ့ဖူးသည့် သူငယ်ချင်းကောင်းမပီသသူတွေကိုတွေ့လိုက်ရသည်။

ဒေါင်းဟာ သူဋ္ဌေးသားမှန်းသိတော့အမျိုးမျိုးနဲ့ငွေလာညှစ်ပြီးအနောက်ကနေလည်းတကောက်ကောက်လိုက်ကာ နှောင့်ယှက်သေးသည်။

သို့သော် နှစ်ပတ်ရှိပြီ သူတို့၏နှောင့်ယှက်မှုကို ဒေါင်း
မကြုံရတော့တာ။

တစ်စုံတစ်ဦးက ဒေါင်းအတွက်ဖြေရှင်းပေးထားမှန်းခန့်
မှန့်မိပေမယ့် ဘယ်သူလဲတော့မသိသလို စိတ်မဝင်စား။

Daddy မဟုတ်တာအသေအချာဖြစ်နေပြီး
ကယ်တင်ပေးသူကိုလည်းတိတ်တိတ်လေးကျေးဇူးတင်မိသည်။

အိမ်သို့ပြန်ရောက်တော့ ဧည့်ခန်းတွင်ဝိုင်ပုလင်းတွေတန်းစီနေအောင် သောက်ထားသော မိထွေးဖြစ်သူကို တွေ့လိုက်ရသည်။

စကားနည်းပြီးသဘောကောင်းတဲ့သူမဟာ
အခုလိုဖြစ်သွားရသည်အထိအတော်လေးစိတ်ညစ်စရာနှင့်ကြုံနေလို့ဖြစ်မည်။

"ခင်ဗျားအဲ့ဒါဘာလုပ်နေတာလဲ?''

မေးလိုက်တော့ ဝိုင်ခွက်အား လှည့်ရင်း
မဲ့ပြုံးလေသည်။

"ဒီလိုပါပဲ လူကြားထဲဘောင်သွင်းမခံရတော့ အရက်နဲ့အဖော်ပြုနေတာ မင်းရောသောက်မလား?''

"နေပါစေ''

ကျောခိုင်း၍ အပေါ်ထပ်သို့ပြန်တက်မည်အလုပ် ခြေလှမ်းကိုရပ်တန့်သွားစေတဲ့စကားတွေကိုကြားလိုက်ရသည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now