chapter 24

727 83 0
                                    

Unicode version ✅

Chanyeol အိမ်ပြန်ရောက်တော့ ညတော်တော်ကို နက်နေပြီ ဖြစ်သည်။ဒီအချိန် အိပ်နေကြပြီမို့ တအိမ်လုံးက မှောင်မည်းနေသည်။တံခါးကို အသာတွန်းဖွင့်ရင်း အိမ်ထဲဝင်ကာ မီးခလုတ်ဖွင့်လိုက်ချိန်မှာ အံ့ဩစရာ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

ဆိုဖာပေါ်မှာ အိပ်နေတဲ့ Hyung...

Chanyeol ခုနက ဖွင့်လိုက်တဲ့ မီးအရောင်ကြောင့် Baekhyunက မျက်လုံးတွေကို ပွတ်သပ်ရင်း ထလာသည်။

"မင်း ဒီနေ့ နောက်ကျတယ်နော် "

"ခင်ဗျားက ဘာလို့ ဒီရောက်နေတာလဲ"

"Chanyeolရယ် ခနလောက် ငါပြောတာလေး
နားထောင်ပေးပါလား ငါးမိနစ်လောက်ပါပဲနော်"

"နားမထောင်ချင်ဘူး ထွက်သွား...
လူကြီးတွေ နိုးအောင် ကျွန်တော် ထပ်မပြောချင်ဘူး"

"သူတို့တွေ ဒီမှာ မရှိဘူး။ငါ အကူအညီတောင်းထားလို့ ငါ့အိမ်ရောက်နေကြတယ်"

"ဘာ"

"ခဏလောက်ပဲ နားထောင်ပေးပါနော်"

Chanyeolလဲ ရွေးချယ်စရာ မရှိတာနဲ့ သက်ပြင်းချကာ Baekhyunနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

"ငါးမိနစ်ပဲ"

ခက်ထန်စွာ ပြောလာတဲ့ Chanyeolကြောင့်
Baekhyunညှိုးငယ် သွားရသော်လည်း ပြောခွင့်ပေးလိုက်တာကိုက ကျေးဇူးတင်ရမည်။

"ငါ ငါတောင်းပန်ပါတယ် "

"တောင်းပန်ပါတယ် ဆိုတာက အားလုံးကို
ဖြေရှင်းလို့ရသလား"

"ငါ့ကို အထင်မလွဲပါနဲ့ Chanyeolရယ်
ငါမင်းကို မချစ်လို့ ၊မလိုချင်တော့လို့ အဝေးကို တွန်းထုတ်ခဲ့တာ မဟုတ်ပါဘူး"

"ခင်ဗျားက ကျွန်တော့်ကို ယုံစေချင်တာလား"

"ငါမင်းကို ချစ်တယ် ဒါကို ငါဘယ်လိုလုပ်
မင်းကို ငါ့အနားက တွန်းထုတ်နိုင်ပါ့မလဲ"

"ဟား ဟား ဟား"

Chanyeolက ရယ်လိုက်တာလား?
သူ့ ခံစားချက်တွေကို Chanyeolက လှောင်လိုက်တာလား?

"Chanyeol...မင်းဘာလို့ ရယ်တာလဲ?"

"ဆောရီးဆောရီး ဆက်ပြော...
ခင်ဗျားရဲ့ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းလေး
နားထောင်ရအောင်"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now