chapter 14

1.7K 217 10
                                    

✔Unicode✔

"Hyung...ဒီ​နေ့ ကျွန်​တော့်ကို
လာကြိုမှာလားဟင်"

" ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး
ဒီအတိုင်း "

"လာကြိုမယ်​လေ"

"တကယ် တကယ်လား
ဝါး...Hyung ကအ​ကောင်းဆုံးပဲ"

Chanyeolက Hyung ကို လှမ်းဖက်လိုက်ပြီး နမ်းဖို့ကြိုးစား​တော့ Yuraက ​အော်သည်။

"ရား...ငါရှိ​နေတာလဲ သတိရဦး"

Yuraရဲ့ အ​နှောင့်​ကြောင့်
Chanyeolမှာ စိတ်ရှုပ်သွားရပြီး
စုပ်သပ်လိုက်သည်။

"ကျစ်...နင် အိမ်မပြန်​သေးဘူးလား"

"အ​မေနဲ့အ​ဖေမှ ပြန်မလာ​သေးတာ
ငါကဘာလို့ အိမ်ပြန်ရမှာလဲ"

"ကဲ စကားမများနဲ့
သွက်သွက်စားကြ"

Baekhyun က ၀င်ပြီး ​ငေါက်လိုက်မှ
​မောင်နှမ နှစ်​ယောက်က ချက်ချင်း
တိတ်သွား​တော့သည်။ မဟုတ်ရင်
တစ်​ယောက်တစ်​ပေါက်နဲ့ ဆူညံ​နေဦးမှာ။

မနက်စာစားပြီး​တော့ Chanyeol ​တောင်း ဆိုတဲ့ အတိုင်း Hyung က
​ကျောင်းလိုက်ပို့​ပေးသည်။ ​ကျောင်း​ရှေ့
​ရောက်​တော့ Chanyeol ကား​ပေါ်
ကဆင်းလိုက်တယ်။

"Hyung ​ကျေးဇူးတင်ပါတယ်
ပြီး​တော့... ချစ်တယ်"

Hyung ကဘာမှပြန်မ​ပြောဘဲ
ချက်ချင်း ကားလှည့်​မောင်းသွားတယ်။
Chanyeol သ​ဘောတကျနဲ့ ပြုံးလိုက်မိပြန်တယ်။

အင်း...အခုကတည်းက လွမ်း​နေမိပြီ
Hyung ​ရေ...။

_______

"Chanyeol မင်း ​ကောင်မ​လေး
ရ​နေပြီလား ခုတ​လော ငြိမ်လွန်း​နေတယ်"

"မဟုတ်ပါဘူး"

Chanyeol က သူငယ်ချင်း​တွေ အ​မေးကို
တိတိကျကျပြန်မ​ဖြေဘဲ ပြုံးပြုံးကြီးသာ
လုပ်​နေတယ်။

"​ကောင်းတယ် ဒါဆို ဒီ​နေ့ ကလပ်သွားကြမယ်​လေ"

"​တော်ပါကွာ...ငါ ခု အိမ်ပြန်​တော့မှာ"

"မင်းကလဲ အိမ်မှာ မိန်းမလဲမရှိ
က​လေးလဲ မရှိတာကို လိုက်ခဲ့ပါကွ "

"မင်းတို့ဘာသာပဲ သွားလိုက်ကွာ
ငါ အိမ်ပြန်​တော့မယ်"

"မင်းကလဲ လာပါ ကွ
လာပါ"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now