chapter 32

897 73 0
                                    

Unicode ✅

Chanyeolက Baekhyunခန္ဓာကိုယ်လေးကို ပွေ့ချီကာ အိပ်ခန်းထဲကို ဦးဆောင် ခေါ်သွားတယ်။ အခန်းထဲရောက်တော့ King_sized
အိပ်ယာကြီးထက် သူ့Hyungကို အသာအယာပဲ ချကာ သူကတော့ဖြင့် အပေါ်မှ အုပ်မိုးလာသည်။

"Chan... Chanyeol"

Baekhyunအသံက မရဲတရဲလေးနဲ့ တုန်ယင်
နေတာမို့ ရှက်နေတာမှန်း Chanyeolသိလိုက်သည်။ သူ့Hyungမျက်နှာတခုလုံးကလဲ နီရဲနေလိုက်တာဟာ ခရမ်းချဉ်သီး တစ်လုံးနဲ့ပင် တူနေသည်။

Chanyeolမျက်နှာက ငုံ့ကျလာတာမို့ Baekhyunကိုယ်လေးကျုံ့သွားသလို ခံစားလိုက်ရသည်။  Chanyeolက နား နားကို ကပ်ကာ လေတိုးသံလို ခပ်တိုးတိုးလေးပြောလာတော့ ရင်ခုန်သံတွေက မူမမှန်ချင်တော့...

"ဒီကမ္ဘာပေါ်မှာ ကျွန်တော်လိုအပ်တာ Byun Baekhyunတစ်ယောက်တည်းကိုပဲ ...လူတွေအသက်ရှင်ဖို့ လေတွေ ရေတွေ စားစရာတွေ လိုအပ်သလို ကျွန်တော် ရှင်သန်ဖို့တော့ Hyungကို လိုအပ်တယ်။ ကျွန်တော် Hyungကို လိုအပ်သလို Hyungလဲ ကျွန်တော့်ကို လိုအပ်စေချင်တယ်"

ဒီစကားအတွက် Baekhyunဆီက အဖြေပြန်မလာဘူး။ အကြောင်းကတော့ Chanyeolက သူ့နားရွက်ဖျားကို မထိတထိ ကစားနေတာမို့ သူ လှုပ်တောင် မလှုပ်နိုင်ဖြစ်နေတာကြောင့်ပင်။

"Hyung"

"ငါက မင်းအပိုင်ပါ"

Chanyeolရဲ့ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ပြောတော့ Chanyeolမျက်နှာ ဝင်းပလာလိုက်တာ Baekhyunဆီပါ အပျော်တွေ ကူးစက်သည်။မျက်လုံးတည့်တည့်စိုက်ကြည့်ကာ
ကြည်နူးရိပ်သမ်းနေတဲ့ အကြည့်စူးစူးတွေကြောင့် Baekhyun မျက်နှာဟာ ပေါက်ထွက်မတတ် နီကဲလာတော့သည်။

"Hyung"

"ဟင်"

"သေချာလား"

"အရူး...ခဏခဏ ထပ်မမေးနဲ့လေ"

"မဟုတ်ဘူး ကျွန်တော် ပျော်လွန်းလို့ပါ"

"အရူးလေး"

"ဒါဆို...ကျွန်တော်တို့ လုပ်ကြမလား"

"လုပ် လုပ်မယ်။ ဘာကိုလဲ"

"Hyungကလဲဗျာ သိရဲ့သားနဲ့"

"Chanyeol...ငါ ငါ အဆင်သင့်မဖြစ်သေးဘူး"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now