chapter 4

2.4K 303 6
                                    

✔Unicode✔

Chanyeol 's POV

*Ring....

မနက်​စော​စောစီးစီးကြီး ဘယ်သူက
ဖုန်း​ခေါ်တာပါလိမ့်?

"ဟယ်လို"

"အခုထ​တော့ ငါမင်းကို ​ကျောင်း
လိုက်ပို့​မယ်"

"Hyung!!!"

"မင်း​နောက်ကျ​နေမယ်ဆိုရင်
ငါမင်းကို မ​စောင့်ဘူး"

"ဟုတ် ဟုတ် ထပြီHyung "

ကျွန်​တော် အိပ်ယာက​နေအမြန်ထကာ
လျင်မြန်မြန်ပဲ မျက်နှာသစ် သွားတိုက်
​ရေချိုးလိုက်တယ်။

ရေချိုးပြီး​တော့ အ၀တ်အစားမြန်မြန်
၀တ်ကာ အခန်းထဲကထွက်လာခဲ့လိုက်တယ်။

"Morning Hyung "

ကျွန်​တော် နှုတ်ဆက်လိုက်​ပေမယ့်
Hyung က ဘာမှပြန်မ​ဖြေဘဲ
ကားဆီကို တန်းသွားတယ်။

​ကျောင်းကိုသွားတဲ့လမ်းဟာလဲ တိတ်ဆိတ်လို့...

Hyung က​ရုတ်တရက်ကြီး
ဘာလို့ ​ကျောင်းလိုက်ပို့တာပါလိမ့်။

ကျွန်တော့်ကို စိတ်မဆိုး​တော့တာလား...

မ​နေ့က ကားရပ်တဲ့ ​နေရာမှာပဲ
Hyung ကရပ်လိုက်တယ်။

"​ကျေးဇူးတင်ပါတယ် Hyung
ကားကို ဂရုစိုက်​မောင်း​နော်"

"ည​နေ ၆နာရီကျ ဟန်မြစ်ကို
လာခဲ့"

"ဟုတ်ကဲ့ Hyung "

ကျွန်​တော် နှစ်ခါ မစဥ်းစားဘဲ
​ခေါင်းငြိမ့်လိုက်တယ်။

ကား​ပေါ်က​နေ ကျွန်​တော်ဆင်းလိုက်တာနဲ့
Hyung ရဲ့ကား​လေး ချက်ချင်း ထွက်သွားတယ်။

​တော်ပါ​သေးရဲ့!
Hyung စိတ်မဆိုး​တော့တာမို့။

ဒါနဲ့ ကျွန်​တော့်ကို ဘာ​ပြောစရာရှိလို့လာခိုင်းတာပါလိမ့်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်​တော်က​တော့
ည​နေ ၆နာရီ​ရောက်ဖို့ကို ​စောင့်​နေပြီ။

အချိန်​တွေကုန်တာ အရမ်း​နှေးတာပဲ...
၆နာရီကို မ​ရောက်နိုင်​သေးဘူး...။

...
ကျွန်​တော် ဟန်မြစ်ကို ​ရောက်​တော့
၄နာရီခွဲပဲ ရှိ​သေးတယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now