chapter 9

1.9K 251 3
                                    

✔Unicode✔

*Ring

"ဟယ်လို"

"Chanyeol လား"

"Omma?"

"သား​လေး အဆင်​ပြေရဲ့လား
အိမ်မပြန်မလာတာ​တောင်
​တော်​တော်ကြာ​နေပြီ"

"ဟုတ်တယ် Omma ကျွန်တော်
စီနီယာ တစ်ယောက်ရဲ့အိမ်မှာ​နေတာ
အဆင်​ပြေလို့​လေ...သူက သား
ကို စာလဲ ကူလုပ်​ပေးတယ်"

"သား အဆင်​ပြေတယ်ဆိုရင်ပဲ
အ​မေ ​ကျေနပ်ပါပြီ ဒါနဲ့ Chanyeol "

"ဟုတ် Omma"

"သား ညီမ​လေးကို ခဏ​လောက်
​ခေါ်ထား​ပေးလို့ရမလား
အ​မေတို့ခရီးသွားစရာရှိလို့"

"ဗျာ Omma
ကျွန်​တော်က ဘယ်လိုလုပ်"

"​ဟော...ကားလာ​နေပြီ
အ​မေသွားရ​တော့မှာသား
မင်းညီမ​လေးကို မင်း​နေတဲ့
တိုက်ခန်း​ရှေ့သွား​စောင့်ဖို့ အ​မေ​ပြောထားတာ မင်းမြန်မြန်သွားလိုက်ဦး
က​လေး​စောင့်​နေတာ ကြာ​တောင်​နေပြီ
ဂရုစိုက်​နော်သား"

"ဗျာ...Omma
ဟယ်လို ဟယ်လို"

​ပြောချင်ရာ​ပြောပြီး Ommaက
ဖုန်းချသွားသည်။

Hyung အိမ်​ရှေ့မှာ ​ရောက်​နေတယ်?

အခု?

အိမ်ကိုပဲ အမြန်​ပြန်ပြေးလာခဲ့လိုက်သည်။

Hyung ကို ​တောက်​လျှောက်
ဖုန်း​ခေါ်​နေ​ပေမယ့် Hyung ကမကိုင်။

"​ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ
Hyung ​ရေ"

___________________________

Chanyeol က အခုထိ ဘာလို့
ပြန်မ​ရောက်​သေးတာပါလိမ့်။

"​ဟေး...မင်းဘာ​သောက်ချင်လဲ"

"ရပါတယ် ဦး​လေး"

လာပြန်ပြီလား ဦး​လေး...

​ကောင်မ​လေးက ဆိုဖာ​ပေါ်
ထိုင်လိုက်တာမို့ ကျွန်​တော် သူ​ဘေးမှာ
၀င်ထိုင်လိုက်ရင်း

"​ဟေး...မင်း ဘာလို့ဒီကို​ရောက်လာတာလဲ"

"ဦး​လေး...သမီးနာမည် ​ဟေး မဟုတ်ဘူး
Park Yuraပါ...ဦး​လေးက​ရော"

"ငါလဲ ဦး​လေးမဟုတ်ဘူး
ငါက မင်းအကိုထက် ​လေးနှစ်ပဲကြီးတာ
ငါ့နာမည် Byun Baekhyun "

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now