chapter 13

2.5K 248 11
                                    

✔Unicode✔

"Hyung အိပ်ပြီလား"

ကျွန်​တော့်လက်​မောင်းကို ​ခေါင်းအုံးကာ
​မှေး​နေ​သော Hyung ကို ​မေးလိုက်​တော့ Hyung မျက်လုံး​တွေ ပွင့်လာတယ်။

"ဟင့်အင်း ဘာလို့လဲ"

"ကျွန်တော်​မေးစရာရှိလို့"

"​မေး​လေ"

"Hyung အ​မေက မင်းသမီးဆိုတာ
ဘာလို့ ကျွန်​တော့်ကို မ​ပြောတာလဲ"

"ငါ​ပြောပြီးပြီ​လေ အ​မေ မင်းသမီး
လုပ်တာ မကြိုက်လို့ပါဆို"

"ဒါ​ကြောင့် Hyung တစ်​ယောက်တည်း
​နေ​နေတာလား"

"အင်း ငါအိမ် ပြန်တာ ရှားတယ်
အ​မေနဲ့မ​တွေ့တာ​တောင် ၂နှစ်​လောက်​တောင်ကြာပြီထင်တယ်"

"အဲဒီ​နေ့က Hyung အ​မေကို
အိမ်လိုက်ပို့တာလား"

"အ​ဖေ ​ဆေးရုံတက်​နေတယ်လို့
အ​မေက ​ပြောတာ...ပြီး​တော့ အိမ်ပြန်
လိုက်ပို့ခိုင်းတာနဲ့ ငါကလိုက်ပို့လိုက်တာ"

"သတင်း​ထောက်​တွေက အချိန်​ကောင်းမှမိသွားတာပဲ"

"အင်း...အဲလို ထင်တာပဲ"

ကျွန်​တော်​မေးတာ​ဖြေပြီးတာနဲ့ Hyung က မျက်လုံး​တွေကို
ပြန်​မှိတ်​ထားသည်။

"Hyung "

"ဟင်"

"​စော​စောက အပြုအမူ​တွေအတွက် ကျွန်​တော့်ကို မုန်းလားဟင်"

Hyung မျက်လုံး​တွေ ပြန်ပွင့်လာပြီး
ကျွန်​တော့်ကို ကြည့်သည်။

"မင်းငါ့ကို မုန်းသွားမှာ​တောင်
ငါ စိုးရိမ်​နေတာ"

Hyung အ​ဖြေစကား​ကြောင့်
ကျွန်တော်​ပျော်သွားရပြီး ချက်ချင်း
ထထိုင်လိုက်တယ်။

"တကယ်လား...
တကယ်​ပြောတာလား Hyung "

"အရူး"

"ကျွန်​တော်က Hyung ​ကောင်မ​လေး
ရပြီး ကျွန်​တော့်ကို စွန့်လွှတ်ပစ်မှာ
​ကြောက်​နေတာ"

"မင်းက တကယ့်က​လေးပဲ"

Hyung က ကျွန်​တော့်ပါးကို
နမ်းကာ ကျွန်​တော့် ဆံပင်​တွေကိုဆွဲဖွသည်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now