chapter 22

1.2K 178 6
                                    

Unicode✔

ဒီနေ့နဲ့ဆို နှစ်ရက်ရှိသွားပြီ။

အဲဒီနေ့ပြီးကတည်းက Chanyeolတစ်ယောက် Hyungနဲ့ မတွေ့တာ နှစ်ရက်ရှိနေပြီ။ Hyungဆီ အပြေးသွားပြီး ရင်ခွင်ထဲမှာ တင်းကြပ်နေအောင် ဖက်ထားလိုက်ချင်ပေမယ့် Chanyeolနားမလည်နိုင်သေးတဲ့ အရာတွေလဲရှိသေးတယ်။

အဲဒီနေ့ညကပေါ့...

ခါတိုင်းလိုပဲ Hyungက Chanyeolရင်ခွင်ထဲမှာ လဲလျောင်းရင်း မျက်လုံးတွေ မှိတ်ထားတယ်။ နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ပဲ ဒီအတိုင်း။

"Chanyeol"

Hyungအသံက ခပ်ဖျော့ဖျော့လေး။

"ဟင်"

"ငါ့ကို စိတ်ပျက်သွားလားဟင်"

"စိတ်ပျက်တယ်? ဘာကိုလဲ
ဘာကို စိတ်ပျက်ရမှာလဲ ကျွန်တော်က"

Chanyeolက Hyungရဲ့ မျက်နှာကို ကြည့်ဖို့ ကြိုးစားပေမယ့် Hyungက မျက်နှာမော့မလာဘဲ Chanyeolရင်ခွင်ထဲသာ ပိုတိုးလို့ ဝှက်ထားတယ်။

"ငါ...ငါ့ကိုယ်ငါ စိတ်ပျက်တယ်"

"မပျက်ပါဘူး။ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် က
Hyungကို ချစ်တယ်ဆိုတာတော့ Hyungသိတယ်နော်"

"ဒါဆို ငါမင်းကို ဘာပဲလုပ်ခိုင်းခိုင်း မင်းလက်ခံမှာလား"

"ဒါပေါ့ Hyungရဲ့"

Chanyeolစိတ်ထဲ Hyungစကားတွေက နည်းနည်းထူးဆန်းနေတယ်လို့ ခံစားနေရတယ်။
ဒါမယ့် Hyungဆီက ဘာစကားမှ ဆက်ထွက်မလာတော့တာမို့  Chanyeol အိပ်ရာဝင်လိုက်တော့တယ်။

မနက်မိုးလင်းတော့ Chanyeolဘေးမှာ Hyungကရှိမနေဘူး။အဲဒီအစား စာတစ်စောင်ကိုပဲတွေ့လိုက်ရတယ်။ Chanyeol အလျင်အမြန်ပဲ စာကို ဖွင့်ဖတ်လိုက်တယ်။

*Chanyeol...ငါဘာပဲ လုပ်လုပ် နားလည်‌ပေးမယ်လို့ မင်းပြောခဲ့တယ်မလား ...ဒါဆို ငါ့ဘက်က မဆက်မသွယ်မချင်း မင်းငါ့ကို လာမတွေ့ပါနဲ့
မဆက်သွယ်ပါနဲ့ ငါ့ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်*

အဲဒီ စာလေးပဲထားပြီး Chanyeolကို ပစ်ထားတာ နှစ်ရက်ရှိပြီ။ Chanyeolအတွက်က Hyungကို မမြင်မတွေ့ရတာ ခက်ခဲလွန်းတယ်။ အဆင်ပြေနေလား မပြေဘူးလားလဲ မသိရဘူး။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now