chapter 8

1.9K 240 0
                                    

✔Unicode✔

အိပ်ယာကနိုးလာ​တော့ ခါး​ပေါ်က
အထိအ​တွေ့​လေးကို ခံစားလိုက်ရသည်။

မျက်လုံးဖွင့်ကြည့်မိ​တော့ ​တွေ့လိုက်ရတာက ကျွန်​တော့်
Hyung ​သေး​သေး​လေး။

အိပ်​ပျော်​နေတာက တကယ့်ကို
​အေး​အေးချမ်းချမ်း​လေး။

Hyung အနားကို တိုးသွားလိုက်ပြီး
နဖူး​လေးကို နမ်းလိုက်သည်။ ပြီး​တော့
နှာ​ခေါင်းထိပ်​လေးကို တချက်...
ပါးအိအိ​လေးကို တချက်

အဲဒီ​နောက် ပန်း​ရောင်သန်း​နေတဲ့
Hyung ရဲ့ နှုတ်ခမ်း​သေး​သေး​လေးဆီသို့

"ခိုးမနမ်းနဲ့​လေ အနမ်းသူခိုးရဲ့"

"ဟာ...Hyung နိုး​နေတာလား"

"မင်းက ဂဏာမငြိမ်မှ​တော့
ငါဘယ်လိုဆက်အိပ်လို့ရမှာလဲ"

"ဟီးဟီး ​ဆောတီး Hyung
ဒါဆို အခု ​မောနင်းကစ်လို့ရပြီလားဟင်"

"နှာဘူး"

ကျွန်တော် Hyung အနားကို
ပိုတိုးကပ်ရင်း ကိုယ်လုံး​လေးကို
​ပွေ့ဖက်ကာ နမ်းလိုက်သည်။

ခနကြာ​တော့

"​တော် ​တော်​တော့ ငါအလုပ်သွားရ​တော့မှာ"

ကျွန်​တော့် ရင်ခွင်ထဲက အတင်းရုန်းကာ
​ရေချိုးခန်းထဲကို ၀င်သွားတဲ့ Hyung
ကိုကြည့်ရင်း ကမ္ဘာ​ပေါ်မှာ ငါကကံ​ကောင်းဆုံး လူသားတစ်​ယောက်ပဲလို့
​တွေးရင်း စိတ်လိုလက်ရ ရယ်​နေမိတယ်။

"မင်းရူး​နေလား တစ်​ယောက်တည်းရယ်​နေတယ်"

"ဟုတ်တယ်​လေ...Hyung ​ကြောင့်
ကျွန်​တော် ရူး​နေပြီ"

"ထ​တော့ ​ကျောင်းသွား​တော့
ငါဒီ​နေ့​တော့ လိုက်မပို့နိုင်​တော့ဘူး"

"ဟုတ်...ကျွန်​တော် ဒီ​နေ့
အချိန်ပိုရှိတာမို့ ​နောက်ကျမယ်​နော်"

"​သေချာလား"

Hyung က မသင်္ကာတဲ့ မျက်လုံးတွေနဲ့​မေးလာသည်။

"​သေချာတာ​ပေါ့ Hyung ရဲ့"

"ပြီးတာပဲ"

ကျွန်​တော်က ဘာလို့လိမ်ရမှာလဲ Hyung ရယ်...စိတ်ချ ကျွန်​တော် ဘယ်​တော့မှ
Hyung ကို အဲဒီလိုမလုပ်ဘူး။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now