chapter 10

1.9K 237 2
                                    

✔Unicode✔

"Hyung~~~"

အင်္ကျီ ကြယ်သီးတပ်​နေတဲ့ Hyung ကို
အ​နောက်က​နေ ဖက်လိုက်ပြီး သံရှည်ဆွဲ
​ခေါ်လိုက်တယ်။

"ရား...ငါ အင်္ကျီ၀တ်​နေတာ​လေ"

"လာ ကျွန်​တော်လုပ်​ပေးမယ်"

Hyung ကို မျက်နှာချင်းဆိုင်
ဆွဲလှည့်ပစ်လိုက်ပြီး ကျန်​နေ​သေးတဲ့
ကြယ်သီး​တွေကို တပ်​ပေးလိုက်သည်။

ကြယ်သီးတပ်ပြီးသွား​တော့ Hyung
မျက်နှာ​လေးကို လက်နှစ်ဖက်နဲ့ ဆွဲယူ
လိုက်ကာ...

"တ​နေ့လုံး လွမ်း​နေရ​တော့မှာပဲ"

"ကိုယ့်စာကိုပဲ အာရုံစိုက်စမ်း"

"Hyung က​တော့ ကျွန်​တော့်ကို
လွမ်း​နေမှာ မဟုတ်​လောက်ဘူး"

"ဖယ်စမ်းပါ"

Hyung က ကျွန်​တော့်လက်​တွေကို
ဆွဲဖယ်​ပေမယ့် ကျွန်​တော်ဖယ်မ​ပေးဘဲ
ခါး​လေးကို ဆွဲကာ ပိုနီး​အောင် လုပ်လိုက်တယ်။

"ရား...​နောက်ကျကုန်လိမ့်မယ်"

"ဟုတ်တယ်မလား...Hyung က
ဘယ်တုန်းကမှ ကျွန်​တော့်ကို
ချစ်တယ်လဲ မ​ပြောဘူး လွမ်းတယ်လဲ
မ​ပြောဘူး"

"ငါ​ပြောပါတယ်"

"ဘယ်နှစ်ကြိမ်လဲ"

"အရူး ငါဘယ်လိုမှတ်မိမလဲ"

"ဒါဆို အခု​ပြော
ကျွန်​တော့်ကို လွမ်း​နေမှာလို့​ပြော"

"သွားပါရ​စေကွာ"

"မြန်မြန်"

Hyung က သက်ပြင်းချကာ
သူ့လက်နှစ်ဖက်နဲ့ ကျွန်​တော့်မျက်နှာကို
ဆွဲယူပြီး နမ်းလာတယ်။

အနမ်း​တွေက အရင်ကနဲ့ မတူဘဲ
တဖြည်းဖြည်း ပြင်းထန်လာတယ်။

ကျွန်​တော် အံ့အားသင့်​နေတုန်းမှာပဲ
Hyung က ကျွန်​တော့်ကို တွန်းပစ်
တာမို့ ကျွန်​တော် အ​နောက်က အိပ်ယာ
​ပေါ် ပစ်လဲသွားရသည်။.

Hyung က ကျွန်​တော့်အ​ပေါ်
တက်လာပြီး အနမ်း​တွေကို ဆက်တယ်။

နှုတ်ခမ်း​တွေနမ်း​နေရာက​နေ
လည်ပင်းဆီကို ​ရောက်လာ​တော့
ကျွန်​တော် တံ​တွေး မြိုချလိုက်ရတယ်။
ခန္ဓာကိုယ်တခုလုံးလဲ လျှပ်စစ်ဓါတ်​တွေ
စီး​နေသလို။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now