chapter♡3

2.8K 316 1
                                    

✔Unicode✔

Chanyeol 's POV

Hyung ကကျွန်​တော့်ကို ​ကျောင်းလိုက်ပို့မယ်တဲ့...
ကျွန်​တော် အရမ်း​ပျော်တာပဲ။

ဒါမယ့်​လေ မ​နေ့ညတုန်းက
အ​ကြောင်းကို ပြန်စဥ်းစားကြည့်ရင်

Hyung  ဘာလို့ ​ရှောင်ထွက်သွားတာလဲ။
အခုချိန်ထိ ကျွန်​တော့်ကို ချစ်သူတစ်​ယောက်လို သ​ဘောမထားနိုင်​သေးဘူးလား။
အဲဒီလို စဥ်းစား​ပေးရ​လောက်တဲ့အထိ
ကျွန်​တော် အရွယ်မ​ရောက်​သေးလို့လား။

"Park Chanyeol မပြီး​သေးဘူးလား"

Hyungက​စောင့်ရတာ စိတ်မရှည်​တော့ဘူးထင် အပြင်က​နေ လှမ်း​အော်​နေပြီ။

"ပြီးပြီHyung လာပြီ"

ကျွန်​တော် Hyung ကို နမ်းချင်တယ်လို့​ပြောရင် ​လောဘကြီးရာကျသွားမလား။

ကျွန်တော်က​တော့ Hyung ​ဘေး
နားမှာရှိ​နေရရင်ကို ​ပျော်ပါတယ်။

_____

"Hyung ည​နေကျရင် အလုပ်က
ဘယ်အချိန်ပြီးမှာလဲ"

"မသိ​သေးဘူး...အလုပ်​ပေါ်မူတည်တယ်"

"Hyung ဘာစားချင်လဲ
ကျွန်​တော် ဘာချက်ထားလိုက်ရမလဲ"

"မင်းစာကိုသာ မင်း​တွေးစမ်းပါ
အိမ်မှုကိစ္စ​တွေမလုပ်ပါနဲ့ဆိုတာကို"

"ကျွန်​တော်မှ စာလုပ်စရာမရှိတာ
အာ...အခုရက်ပိုင်းကို ​ပြောတာ​နော်
အား​နေတာဆို​တော့"

"စာပဲလုပ်"

"ဟုတ်ပါပြီ Hyung စားချင်တာရှိရင်
ကျွန်​တော့်ကို​ပြော"

"ရတယ် မင်းကြိုက်တာချက်"

" spaghetti စားချင်လား"

"အင်း"

"ဒါဆို ကျွန်​တော် အိမ်​ရောက်ရင်
ချက်ထားလိုက်မယ်...
Hyung ရုံးဆင်းရင် ကျွန်တော်ဖုန်း​ခေါ်လိုက်ရမလား"

"ငါ​ခေါ်လိုက်မယ်"

"ဟုတ်...မ​မေ့နဲ့​နော် Hyung
အဲ ...ဟိုနားမှာ ကျွန်​တော့်ကို
ချ​ပေးလိုက်​တော့"

​ကျောင်းနား​ရောက်​တော့ ကားရပ်လိုက်သည်။

"အတန်းမလစ်နဲ့​နော်"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now