chapter 33(Final)

2.1K 112 6
                                    

Unicode ✅

**Chanyeol... ဒီညနေ ၆နာရီ ဟန်မြစ်ကိုလာခဲ့
အဲဒီမှာ တွေ့မယ်**

Hyungဆီက တွေ့ကြမယ် ဆိုတဲ့ မက်ဆေ့လေး
ရပေမယ့် Chanyeolမပျော်နိုင် ။ပြောစရာရှိရင် အိမ်မှာ ပြောလို့ရနေလျက်နဲ့ ဟန်မြစ်ကိုလာခဲ့ခိုင်းတာဟာ Chanyeolကို လမ်းခွဲစကားများ ပြောချင်လို့လား...။

မဟုတ်ဘူး...မဖြစ်နိုင်ဘူး။
မဟုတ်တာ မတွေးစမ်းနဲ့ !!!အကောင်းဘက်ကပဲ တွေးစမ်းပါ Park Chanyeolရယ်

"နှလုံးခုန်နေတာလဲ ပေါက်ထွက်တော့မှာပဲ
ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ စိတ်အေးအေးထား ဟူး"

"မင်း တစ်ယောက်တည်း ဘာတွေပြောနေတာလဲ"

ဘေးက အတူအလုပ်လုပ်တဲ့ အကိုက ပုခုံးကို ပုတ်ကာ   ပြောမှ Chanyeol ကိုယ့်ကိုယ်ကို စကားတွေပြောနေမှန်း သတိထားမိတော့သည်။

"ဟားဟား ကျွန်တော် ပြောနေတာလား"

"ဟုတ်တယ်လေ ငါတောင်လန့်တယ်"

"ဟုတ်လား...ကျွန်တော် တကယ်တော့
စိတ်တွေပူပြီး စိတ်တွေလှုပ်ရှားနေတာ"

"ဘာလို့လဲ မင်းတို့ရန်ဖြစ်ထားကြတာလား"

ဒီအကိုက Chanyeol နဲ့ Hyungရဲ့ အကြောင်းကို သိထားတာဖြစ်သည်။

"မဟုတ်ဘူး ရန်ဖြစ်တာ မဟုတ်ဘူး
ကျွန်တော်တို့ အဆင်ပြေတယ် ဒါမယ့်"

"ဒါမယ့် ဘာဖြစ်လဲ"

"Hyungက ကျွန်တော့်ကို ဒီညနေ
ဟန်မြစ်ကို လာခဲ့တဲ့"

"အဲဒါ ထူးဆန်းလို့လား မင်းက ကြောင်လိုက်တာ"

ချစ်သူက ဟန်မြစ်ကို တွေ့ဖို့ ချိန်းတာက ဘေးလူအမြင်မှာ မထူးဆန်းပေမယ့် Chanyeolကတော့
မူမမှန်သလို ခံစားနေရပြီး ရင်တွေပူပါသည်။

*****

၅နာရီ ၅၅မိနစ်!!!

၆နာရီ ရောက်ခါနီးနေပြီမို့ Chanyeolရင်တွေ အဆမတန်ခုန်လာသည်။ ချိန်းဆိုထားသည့်နေရာကို Chanyeolအရင်ရောက်နှင့်နေသည်။အခု ထိHyungအသေးလေးကို မမြင်မိသေးပေ။ Hyungအကြောင်းကို တွေးမိရုံနှင့်ပင် Chanyeolမျက်နှာမှာ အပြုံးကြီး ပေါ်လာပါသည်။

You've reached the end of published parts.

⏰ Last updated: Apr 03, 2021 ⏰

Add this story to your Library to get notified about new parts!

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now