Extra 6

1.1K 125 14
                                    

Zawgyi

New အေးစိမ့်စိမ့်လေအေးတိုက်ခတ်မှုကြောင့် မျက်လုံးတို့
ပွင့်လာခဲ့သည်။ကြည့်လိုက်တော့ ကိုယ်လှည့်အိပ်နေသည့်ဘက်မှပြတင်းပေါက်က ပွင့်နေခြင်းဖြစ်သည်။နှစ်ညရှိပြီ ညကP Tayပိတ်လိုက်သည့်ပြတင်းပေါက်သည် သူနိုးလာတိုင်း
ပွင့်နေတတ်ခြင်း။မနက်ရောက်လို့ ကြည့်လိုက်လျှင် ပိတ်နေပြန်သည်။P tayကိုပြောပြသော်လည်း မျက်နှာဖုံးကိစ္စကြောင့်
လန့်နေတယ်လို့ပင် သူ့ကိုထင်သည်။

သူကြောက်တာ မျက်နှာဖုံးမဟုတ်။သူကြောက်တာ ကိုယ့်မထိတွေ့နိုင်သည့် ကိုယ့်ကိုခြောက်လှန့်နေသည့် ထိုအရာတွေပင်။သူထိုဘက်ကို ကျောပေးပြီးP Tayဘက်ကိုမျက်နှာချင်းဆိုင်လိုက်သည်။P Tayရဲ့မျက်နှာချောချောကြောင့်
အနည်းငယ်စိတ်အေးသွားသော်လည်း ကြောက်ရွံမှုအနည်းငယ်ရှိသေး၍ လူကအနည်းငယ်တုန်နေတုန်း။

မျက်လုံးတွေကတောင်ရောက်မြောက်ရောက်ဖြင့် ကြည့်နေမိသည်။နံရံတွေမှာ အက်ကွဲကြောင်းတို့ကပေါ်လာသည်ကို မြင်ရသည်။လေတွေကလည်း တိုက်ခတ်လာသည်။မမြင်ချင်ယောင်ဆောင်စွာ မျက်လုံးကိုအတင်းမှိတ်မိတော့ ချမ်းစိမ့်မှုတို့ကကြီးစိုးလာပြန်သည်။

သူ့ခြေဖျားလက်ဖျားတွေပင် အေးစက်လာတော့သည်။
ခနနေတော့ အားလုံးငြိမ်သက်သွား၍ သူမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်မိသည်။

ရှေ့မှာရှိနေသောP Tayမျက်နှာကအမည်းအရိပ်တွေဖြင့်
ဖုံးလွှမ်းနေသည်။

"အား!"

သူ ကြောက်ရွံမှုကြောင့်အော်မည့်အချိန်တွင် ခြေထောက်ကအေးစက်စက်အထိအတွေ့နဲ့အတူ~

ဝုန်း

သူ့ကျောရိုးကနာကျင်မှုကြောင့် မျက်လုံးတွေပင်
မှေးကျင်းသွားရသည်။

"New Newဘာဖြစ်သွားသေးလဲ!?New!"

သူ့ကိုရင်ခွင်ထဲထည့်ကာ ပါးကိုလှုပ်နှိုးနေသော
P TayကိုNewဖက်တွယ်မိသည်။

"အင့်~~P Tayကယ်ပါဦး ကျွန်တော့်ကိုတစ်ယောက်ယောက်ဒီလိုလုပ်တာ ပြတင်းပေါက်ကလည်းပွင့်နေတယ် အင့်~
ပြီးတော့ P Tayမျက်နှာမှာလဲအမဲရိပ်တွေတွေ့လိုက်ရတယ်~"

F4( GMM Version)Z/UWhere stories live. Discover now