Ep 4

2.7K 248 16
                                    

Zawgyi

7.00 AM

တီတီ....တီတီ....တီတီ ချလပ်

၇နာရီထိုးလေပြီ။gunစောင်ခေါက်လိုက်ပြီးနောက်
အလင်းဝင်ရန် လိုက်ကာလေးဆွဲဖွင့်လိုက်တော့
အပြင်မှာမိုးဖွဲဖွဲလေးရွာနေသည်။ဒီလို မိုးရာသီဆို
gunတကယ်ကျာင်းမသွားချင်ပေ။အိမ်မှာဘဲ
စောင်လေးထဲ၌ ခွေချင်သည်။

gunကိုယ့်အတွေးကိုကိုယ်ရီလိုက်မိသည်။
ပိတ်ရက်ဆို ၆နာရီထဲကအလုပ်ပြေးရတဲ့အဖြစ်ကို
တွေးမိပြီး။ထိုနေ့တွေဆို Maeကို Newနဲ့အပြင်သွားမယ်
လို့ပြောပြီး လိမ်မိသည်။Maeကလည်း အထွေးအထူး
လိုက်မစပ်စုပေ။လွတ်လပ်ခွင့်ပေးထားသည်။ဒါကြောင့်
gunအလုပ်လုပ်တာကိုမသိ။

gunရေမိုးချိုးပြီး school uniformကိုလဲလိုက်သည်။
uniformအကြောင်းတွေးမိပြန်တော့ ဈေးကိုမှတ်မိပြီး
ရီမိပြန်သည်။

gun Busစီးလာရင်းမနေ့က အကြောင်းလည်းစဉ်းစား
မိပြန်သည်။တစ်ယောက်တည်း အတွေးပေါင်းသောင်းခြောက်ထောင်နှင့်ပေါ့။မနေ့ကF4ဆိုတဲ့ အဖွဲ့ဟာSchool
uniformမဝတ်ကြပေ။သူတို့အဖွဲ့ကို အမြင်ကပ်မိသည်။
gunရဲ့idolလေးမပါပါ။ဟိုဘဝင်ရူးကောင်ကြောင့်ပါ။
ပိုက်ဆံရှိရင် အရာရာကြီးစိုးနိုင်ပါလား။

Busထိုးရပ်သွား၍ gunထီးဖွင့်ကာ
ကျောင်းပလပ်ဖောင်းမှလျှောက်လာခဲ့သည်။

ရွှီး.......ဗွမ်း

ဆိုင်ကယ်တစ်စီး gunဘေးနားမှ တစ်ဟုန်ချင်းဖြတ်သွားသည်နှင့် gunရေတွေအကုန်စိုကုန်ပြီး လန့်ကာ
ထီးတောင်ပြုတ်ကျသွားရသည်။ဘယ်သူလဲ
လှမ်းကြည့်လိုက်တော့

"Off jumpol!!!!!!!!!!!"

သူကတော့ ဆိုင်ကယ်ပေါ်ကာဆင်းပြီး ဆိုင်ကယ်ဦးထုပ်
ချွတ်ကာ ကျောင်းထဲဝင်သွားလေပြီ။မဝင်ခင်gunကိုတောင်
မျက်စိမှိတ်ပြသွားလေသည်။

"တကယ် မကောင်းတဲ့အကောင် ဘဝင်ရူးကောင်
မိန်းမလို မိန်းမရကောင်"

ထိုနောက် ထိုဆိုင်ကယ်နောက်မှာ ရပ်သွားသောကား
နှစ်စီးနှင့် gunဘေးနားလာရပ်သော အပြာရောင်ကားတစ်စီး
မှန်အမည်းကာထား၍ gunအထဲကိုမမြင်ရပေ။

F4( GMM Version)Z/UWhere stories live. Discover now