Ep 3

2.6K 243 15
                                    

Unicode

Newတစ်ယောက် ထိုနေရာမှ Gunကိုမချီပြီး
ဝေးရာတစ်နေရာသို့ ထွက်လာခဲ့သည်။

"လွှတ်...ငါ့ကိုလွှတ်စမ်း Newစုတ်!!!"

ရုန်းကန်နေတဲ့ပေါက်စကတော့ Newမချီထားတဲ့ကြားမှ ရုန်းကန်နေတုန်းပင်။ ကြာတော့ တံတောင်တွေနဲ့ပါကျွေးလာတာကြောင့် New အမြန်အောက်ချပေးရန် လုပ်ရတော့တယ်။

"အ့ လွှတ်ပေးမယ်ဟ ငြိမ်ငြိမ်နေ"

"အေး...ပြီးရော"
အောက်ချပေးပြီးသည်နှင့် Newကို နဂါးမျက်စောင်းနဲ့ကြည့်လာသော Gunပေါက်စ။

"မင်းပဲအပီအပြင်ကျုံးခဲ့ပြီးတော့ ဘာလို့ဒေါသထွက်နေတာလဲကွာ? "

"မင်းက ဘာလို့အဲ့ကောင်လုပ်သမျှငြိမ်ခံနေတာလဲ"

"ဟ...ငြိမ်မခံရင်ကျောင်းထုတ်ခံရမှာပေါ့ ဒီကျောင်းကတော့မပြောင်းနိုင်ပါဘူး"

"ဘာလို့ကျောင်းထုတ်ခံရမှာလဲ"
Gunနားမလည်စွာပြန်မေးမိသည်။

"Off jumpol Adulkittipornတဲ့ အဟင်
မျိုးရိုးနာမည်လေးကတစ်ခုခုနဲ့ မတူနေဘူးလား"

Newကလည်းလက်ပိုက်ကာ Gun မျက်ခုံးပင့်မေးငေါ့ပြပြီး ပြန်မေးသည်။

*Adulkittipornဆိုတာ တက္ကသိုလ်နာမည်
မလား....* Gun ထိုအတွေးနဲ့အတူ ပါးစပ်အဟောင်းသားဖြင့်....

"တက္ကသိုလ်ပိုင်ရှင်ရဲ့သား???"

"Bingo! ထိုင်းနိုင်ငံရဲ့စီးပွားရေးကိုချုပ်ကိုင်ထားတဲ့
Adulkittiporn Groupကတည်ထောင်ထားတဲ့
Adulkittiporn University...
သူက ဒီUniတင်မဟုတ်ဘူး Groupရဲ့ အရိုက်အရာဆက်ခံမယ့်သူ Off  Jumppl  Adulkittiporn!!!သိပြီလား"

သြော်...လက်စသတ်တော့ အဲ့ဒါကြောင့်ကို။မိဘအရှိန်အဝါနဲ့ ဘဝင်မြင့်နေတဲ့ကောင်။ငါ့manly boyလေးနဲ့ကွာပါ့။

"အဲ့တာနဲ့ မင်းကအဲ့ကောင်လုပ်တာ ငြိမ်ခံနေတော့မှာလား"

"အေးလေ ဒီnecktieလေးတစ်ခုက ငါအတွက်ဘာမှဖြစ်မသွားပါဘူး ငါ့ကိုက ကံဆိုးတာ... 2ခုထွက်တာတစ်ခုကP tumcialဆီမှာတဲ့"

"ဒါနဲ့ အဲ့ကောင်နာမည်ကOff jumpolမဟုတ်ဘူးလား...ဘာလို့ Tumcialလို့ခေါ်တာလဲ"

"အဲ့တာ သူ့ဘာသာပေးထားတာလေ...တစ်ကျောင်းလုံး အဲ့လိုဘဲခေါ်ရတယ် နာမည်ရင်းမခေါ်ရဘူး...မင်းလဲ အဲ့ကောင် အဲ့ကောင်နဲ့ လုပ်မနေနဲ့ မင်းထက်၁နှစ်ကြီးတယ် Senior yrကွ"

F4( GMM Version)Z/UWhere stories live. Discover now