Ep9/Flash Back

2.1K 216 27
                                    

Zawgyi

Flash back

နန်းတော်ကြီးရှိခြံဝင်းထဲ၌ မြက်ခင်းပေါ်တွင်ကစားနေကြ
သော သန့်သန့်ပြန့်ပြန့်၇နှစ်အရွယ် ကောင်လေး၃ယောက်၏
ပုံရိပ်သည် အတိုင်းမသိလှပနေသည်။

ထိုကောင်လေး၃ယောက်ကိုကြည့်ကာ အရုပ်နွမ်းနွမ်းကလေး
ပိုက်ကာထိုင်နေသောကောင်လေး၏မျက်ဝန်းထဲမှာတော့
ရင့်ကျက်မှုအပြည့်။

အိမ်တော်ထိန်းမှာ ထိုကောင်လေးနားသို့ တဖြည်းဖြည်း
ချဉ်းကပ်လာပြီဖြစ်သည်။

"မင်းသားလေးTay မင်းသားလေးတို့နှင့် တူတူသွားမဆော့ဘူးလား"

"ကျွန်တော်အိမ်ပြန်ချင်တယ်"

Tayစကားကြောင့် အိမ်တော်ထိန်းမှာမျက်နှာပျက်သွားရသည်။မိဘတွေက စွန့်ပစ်သွားပြီဆိုတာဘယ်လိုပြောရပါ့။

"သခင်လေး မဆော့ချင်လဲ ရေချိုးရအောင်လေ ညနေညစာစားပွဲရှိတယ် သခင်လေးကိုတွေ့ချင်လို့ သခင်ကြီးရော သခင်မကြီးရောလာမှာ"

"ကျွန်တော့်ကို မွေးစားတော့မှာလား?"

စကားလမ်းကြောင်းလွှဲသော်လည်းမရ။
မှန်ပါသည်။ဘုရင်ကြီး(သမ္မတဟောင်း)က ခေါ်သာခေါ်လာ
တာ ကိုယ်တိုင်မွေးစားလို့မရ။သွေးသားအရင်းဖြစ်သည်ကို
လူတွေကြားထဲကြေငြာဖို့အတွက်က သားသမီးမရသော
သမီးတော်ထံသို့ ပေးမှဖြစ်မည်။

ဒါကြောင့်သခင်ကြီးနှင့် သခင်မကြီးက ယနေ့လာတွေ့ကြမည်
ဖြစ်သည်။

"ဘာလုပ်နေတာလဲ လာလေ မမနဲ့ တူတူကစားမယ်"

မှိုင်နေသောကောင်လေးကို လက်လှမ်းပေးကာ ကစားရန်
ပြောနေသော ကောင်မလေးကြောင့် အိမ်တော်ထိန်း
အလိုက်တသိထလာခဲ့သည်။

Tayမှာတော့ သူ့ထက်အသက်ကြီးလောက်မည် ထင်သော
ကောင်မလေးကို ငေးနေမိသည်။လှသည်။မင်းသမီးတစ်ပါး
ဆိုသည်အတိုင်း အရှိန်အဝါတောက်ပနေသည်။

"မမနာမည်က Mook Aldukittiporn! မောင်
လေးကရော"

"ကျွန် ကျွန်~~"

"လာ...လိုက်ခဲ့"

စကားထစ်နေသောTayကို လက်ဆွဲကာခေါ်သွားသော
သူမ။Tayကတော့ တစ်ခါမှဒီလိုလှပမှုမျိုး မမြင်ဖူး၍
နစ်မြောနေခြင်းသာ။ဘေးချင်းယှဉ်လျှောက်လိုက်မှ
သူမသည် ကိုယ့်ထက်အရပ်နည်းနည်းမြင့်နေသည်။

F4( GMM Version)Z/UWhere stories live. Discover now