Ep 6

2.3K 239 14
                                    

Zawgyi

At Boxing Room

ဘုန်း
ပုခုံးသို့ဝင်ရောက်လိုက်သော ခန္ဓာကိုယ်ကြောင့်
Brightအလိုက်တသိပင် လဲကျလိုက်သည်။

"haha ပီးဘိုက် ဒီတစ်ခါလည်းကျွန်တော်နိုင်ပြန်ပြီ"

လဲကျသွားသော Brightကိုယ်ပေါ်ကို တက်ခွပြီး
သူ့ကိုယ်ကြီးမှအားမနာ ခုန်ပေါက်နေသော ယုန်ပေါက်
တစ်ကောင်။အောက်ကBrightမှာသာ သူတစ်ချက်ခုန်
လိုက်တိုင်း အင့်ခနဲအင့်ခနဲ။

"Win မခုန်နဲ့ကွာ ဗိုက်အောင့်တယ် ဖယ်တော့"

"Haha ပီးဘိုက်ကြီးရှုံးပြန်ပြီ အင်း....ဒီတစ်ခါဘာ
တောင်းရင်ကောင်းမလဲ'

Brightတစ်ယောက် လက်ညှိုးကိုနှုတ်ခမ်းပေါ်ကို
တင်ကာ စဉ်းစားနေသောယုန်ပေါက်ကိုကြည့်ပြီး
အသည်းယားနေမိသည်။ထိုအမူအယာလေးတွေမြင်ရ၍
အရှုံးပေးရကျိုးနပ်ပါသည်။

"အင်း ကြိုက်တာတောင်း ခုဖယ်တော့"

"ဘာဖြစ်လို့အတင်းဖယ်ခိုင်းနေတာလဲ မဖယ်ဘူးဗျာ"

ဟောဗျာ သူ့ကိုယ်လုံးကြီးဘယ်လောက်လေးတယ်ဆိုတာ
ဒီယုန်ပေါက်တကယ်ဘဲ မသိတာလား။ဂျစ်တိုက်ချက်က
လည်း ဖယ်ပါဆိုမဖယ်ဘူးတဲ့။နှုတ်ခမ်းကြီးဆူနေတာကလည်း
တစ်တောင်လောက်။

အင့်

Brightကိုယ်ပေါ်က ကောင်လေး အလစ်ငိုက်သွားချိန်တွင်
ဆွဲချလိုက်သည် ထို့နောက်ယုန်ပေါက် ကိုယ်ပေါ်ကနေ
ပြန်အုပ်လိုက်သည်။Romanceကားတွေကြည့်ထားတာ
အလကားမဟုတ်ပါ။

မျက်လုံးလေးကလယ်ကလယ်ဖြင့် Brightပြူးကြည့်ကာ လန့်နေသေးသောWinပုံစံ။ ခုချိန် Brightအတွက်
ကမ္ဘာပေါ်တွင် ချစ်ဖို့အကောင်းဆုံး ပုံရိပ်လေးကို ပြောပါဆို
လျှင် ထိုပုံရိပ်လေးဖြစ်မည်မှာအသေအချာပင်။

Bright အစိတ်အပိုင်းတစ်ခုချင်းစီကို အလွတ်နည်းပါး
မှတ်သားလိုက်သည်။ဘယ်လောက်ကြာသွားလဲမသိတော့တဲ့
အချိန်မှ Brightအသိပြန်ဝင်လာခဲ့သည်။

"ကဲ ဘာတောင်းမှာလဲ"

"ဟို ဟို ပြီး ပြီးမှဘဲတောင်းတော့မယ်  ရေသွားချိုးပြီ"

F4( GMM Version)Z/UWhere stories live. Discover now