Zawgyi
Brightဆေးရုံကုတင်ထက်က ကျောက်ပတ်တီးနဲ့
လှနေတဲ့ကောင်လေးကို ရပ်ကြည့်နေမိသည်။ဘယ်သူ
လုပ်တာလဲ မေးတော့လဲမဖြေ။နှုတ်ခမ်းဆူပြီး လက်ပိုက်ကာ တစ်ဖက်သို့ လှည့်ထိုင်နေသည်။ဒေါက် ဒေါက်
"ဝင်ခဲ့ပါ~~~"
"ဟို....စွတ်ပြုတ်ရပါပြီ~~"
"ဟုတ် ကျွန်တော်ကိုပေးပါ ကျွန်တော်တိုက်လိုက်ပါမယ်"
Bright nurseမလက်ထဲကပန်းကန်ကို လှမ်းယူ
လိုက်သည်။"ဟုတ် အာ့ဆိုစားပြီးရင် ဆရာဝန်ပေးခဲ့ဆေးလေးတိုက်လိုက်နော် ကျွန်မသွားလိုက်ပါဦးမယ်"
"ဟုတ်~~"
"ကဲ ယုန်ပေါက် ကြားတယ်နော် စွပ်ပြုတ်သောက်ရမယ်
ဘယ်သူလုပ်တာလဲ မမေးတော့ဘူး ဒီဘက်လှည့်!!"Brightစကားအဆုံး နှုတ်ခမ်းဆူပြီးလှည့်လာပါသည်။
Brightသူ့ကို ဘာများလုပ်မိပါလိမ့်~~။ကုတင်ဘေးနားဝင်ထိုင်ကာ စွတ်ပြုတ်တစ်ဇွန်းးကို
အပူလျော့စေရန် အရင်မှုတ်ပေးလိုက်သည်။Winကတော့ ငြိမ်ငြိမ်လေးပင်စောင့်နေသည်။
မသိတဲ့လူကတော့ ခြေလေးကျိုးတာကို စွပ်ပြုတ်ကို
အပိုလုပ်ပြီး ခွံ့ကျွေးနေတယ်လို့ ထင်ကြလိမ့်မည်။သို့သော် ယုန်ပေါက်က ငယ်ငယ်လေးထဲက
နေထိုင်မကောင်းဖြစ်ရင် အရမ်းချွဲတတ်တာ။စိတ်အားလည်း ငယ်တတ်သည်။ဒါတွေကို အလုပ်ကိုယ်စီနဲ့မိဘတွေက မသိ။ထို့ကြောင့် အရိပ်လိုအနားမှာအမြဲရှိတဲ့ Brightကိုသာ
ချွဲသည်။Brightခွံ့ကျွေးမှစားသည်။Brightဆေးတိုက်မှ
သောက်သည်။ကိုယ်ဆိုသည်မှာ ကျေနပ်နေပြီး ပျော်ပျော်ကြီးလုပ်ပေးသည်။
ထိုအပြုအမူလေးက ကိုယ့်အပေါ်မှာသာ လုပ်သည့်အတွက်
မညိုညင်ပေ။ပို၍မြတ်နိုးမိသည်။တစ်ဇွန်းပြီး တစ်ဇွန်းခွံ့ပေးနေတာကိုတော့မငြင်းဘဲ
သောက်ရှာသည်။နောက်ဆုံးတစ်ဇွန်းကအစ ဆေးသောက်တာအဆုံး Brightလုပ်ပေးလိုက်သည်။"အိပ်ချင်တယ်~~~~အိပ်တော့မယ်"
Brightပန်းကန်တွေသိမ်းနေတုန်း Winကစောင်ကို
ကိုယ့်ဘာသာခြုံကာ တစ်ဖက်သို့လှည့်သွားသည်။
YOU ARE READING
F4( GMM Version)Z/U
FanfictionUnicode/Zawgyi OffGun💚 BrightWin❤️TayNew💙 အရမ်းချစ်တတ်သော သူတို့ကြားကရှုပ်ထွေးသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ်💗 အရမ်းချစ်တတ်သော သူတို့ကြားကရှုပ်ထွေးသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ်💗 [1.9.2020] to [6.5.2021]