Ep 10

2.1K 222 20
                                    

Zawgyi

New အတန်းထဲ အထီးကျန်နေရသည်။
ဒီနေ့က ကျန်တဲ့သူငယ်ချင်းတွေကလည်း အစီအစဉ်မရှိဘဲကျောင်းပြေးကြ၍ဖြစ်သည်။ Gunနဲ့ကတော့ အခု
နောက်ပိုင်း သိပ်မတွေ့ဖြစ်ပေ။ဟိုပြော ဒီပြောတွေကြောင့်ပင်။

ဒါတွေNewဂရုမစိုက်ပေ။သို့ပမယ့် Gunကိုထိခိုက်မှာ
စိုးလို့ပင်။

ဒီနေ့တော့ နေ့လည်စာကို ဖုန်းလေးသာအဖော်ပြု၍ စား
ရတော့မည်။New IGသို့ဝင်လိုက်ပြီး Official
အကောင့်ကို Logoutလုပ်လိုက်သည်။ထို့နောက် Newရဲ့အကောင့်လေးနောက်တစ်ခုသို့ ဝင်လိုက်သည်။

Newfeedသို့တက်လာသော သူ့ရဲ့ပုံများ။follow
လုပ်ထားသော တစ်ဦးတည်းသော သီးသန့်အကောင့်လေး
တစ်ခု။ဒါဟာ Newရဲ့ဘယ်သူမှ မသိသော ကိုယ်ပိုင်
ကမ္ဘာလေးပင်။

သူဟာ သိပ်ကြည့်ကောင်းသည်။အနေအေးသော ကောင်လေးတစ်ယောက်လဲ ဖြစ်သည်။အထူးသဖြင့် Newရဲ့
အသည်းကို အပိုင်ယူသွားသောသူပေါ့။

သူဟာ ကိုယ်မမှန်းရဲတဲ့ အားလုံးရဲ့ကြယ်ပွင့်လေး
Tay Tawanပေါ့။အသစ်တက်လာသောပုံများကို
Saveလိုက်ပြီး secret album ထဲသို့ ထည့်လိုက်
သည်။

ထို့နောက် Newfeedသို့တက်လာသော Fan Cam
တစ်ခု။ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လျှောက်
လာသောပုံကို ခိုးရိုက်ထားတာဖြစ်သည်။

တစ်ကယ်ပြည့်စုံပါသည်~~~။

အောက်ကို ဆက်ကြည့်လိုက်သောVideoနောက်တစ်ခု။
ဒီတစ်ခါ Tayကိုမတွေ့ရပေ။ကောင်လေးတစ်ယောက်။
Newရင်းနှီးသော ပုံရိပ်လေး။ခနလေး!!!!Gunလား!။

Tayအိပ်နေသော ခုံနားသို့လျှောက်သွားသောGun။
ဘေးနားမှာ ထိုင်ပြီး ဆံပင်လေးကိုသပ်ပေးနေသည်။
Newကြည့်နေရင်း videoရိုက်တဲ့သူက Zoomဆွဲပြ
နေသည်။P Tayကိုကြည့်နေတဲ့ Gunရဲ့မျက်ဝန်းလေးက
တောက်နေသည်။

*Gunကမဟုတ်မှ.......*

Newခုတွေးနေသလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိသည်။
Newဆက်မကြည့်နိုင်တော့ပေ။

Commentမှာ Gunကို ဝိုင်းပြောထားကြသော
လူတစ်ချို့။P Tumcialနဲ့တောင် ပြောနေကြသေးသည်။  လှေနှစ်ဖက်နင်းတာတွေကော ကြည့်မိရင် ကိုယ့်ကိုတောင် သတ်သေသွားနိုင်သည်။

F4( GMM Version)Z/UWhere stories live. Discover now