Ep 11

2K 233 34
                                    

Zawgyi

ကျောင်းဝန်းထဲ ဝင်လာသည်နှင့်
အားလုံးအကြည့်က Brightတို့ ကားဆီမှာ။
မှန်ကအမည်းကာထား၍ အပြင်ကလူတွေကတော့
အထဲသို့မမြင်ရပေ။

Brightကားကို ကျောင်းရှေ့သို့ရပ်လိုက်သည်နှင့်
အထဲမှPanဆိုတဲ့တစ်ယောက် ထွက်လာသည်ကိုမြင်ရ
သည်။အရင်နေ့တွေက တစ်ခြားလူလွှတ်ကာ စုံစမ်းခိုင်း၍
ဓာတ်ပုံထဲ၌သာ တွေ့ဖူးသည်။

တစ်ကျောင်းလုံးရဲ့queenဆိုသည့်အတိုင်းပင် အပြင်မှာ
တွေ့လိုက်ရတော့ ထင်ထားတာထက်ပင်ချောပါသည်။
Brightလည်း သူမကားပေါ်တက်ခါနီးမလို့ နောက်ခန်းက
ပန်းစည်းယူကာ ထွက်လာခဲ့သည်။

Panထွက်လာတာကို ဘေးနားက Winလည်းမြင်၍
အထွေအထူးမပြောတော့ပေ။

Panအနားသို့ Brightပန်းစည်းကိုင်ကာ ကပ်သွားလိုက် တော့ အနီးအနားရှိသည့် လူများ၏ အော်သံကို ကြားရသည်။
မာနမင်းသမီးကတော့ တစ်ချက်သာ လှည့်ကြည့်၍ တံခါးကို
ပြန်လည်ဖွင့်နေသည်။

*ဟင်း~~~WINကြောင့်မလို့သည်းခံနေတာ မာနခဲမ*

စိတ်ထဲကသာပြောလိုက်သည်။

"Pan~~~"

Brightအသံအေးအေးလေးနှင့် ခေါ်လိုက်သည်။ဒီအသံ
လေးမှာ ကြွေဆင်းသွားကြတာမလား~~~။

"အင်း"

"မင်းအတွက် ကိုယ့်ရဲ့ ပန်းစည်းလက်ဆောင်~~"

သူမက ပန်းစည်းကိုလှမ်းယူသည်။ထို့နောက် အောက်ဖျားပိုင်းမှ စာရွက်အခေါက်လေးကို လှန်ကြည့်သည်။

စာရွက်ထဲမှာက

You are my queen❤️

From your Admirer လို့ရေးထားသည်။

Brightစိတ်ထဲမှာတော့ Queenတော့မသိဘူး~~~
Kingဘဲရှိတယ်လို့သာ ပြောနေမိသည်။

ရှေ့လူတွေတုန်းကလို မကြာခင်လွှတ်ပစ်တော့မှာ သိ၍
Bright နားသို့ ကပ်ကာပြောလိုက်သည်။
သူမကတော့ နည်းနည်းနောက်သို့ဆုတ်သွားသည်။

"စိတ်မပူပါနဲ့~~~ဘာမှမလုပ်ပါဘူး~~
but ပန်းစည်းကိုလွှတ်ပစ်မယ်ဆိုရင်တော့ ဒီနှုတ်ခမ်းလေးကို ဘာလုပ်မိမလဲမသိဘူး~~~"

F4( GMM Version)Z/UWhere stories live. Discover now