Extra 7

1.2K 129 17
                                    

Zawgyi

"မင်းအဆင်ပြေရဲ့လား?~"

Gun~မျက်နှာမကောင်းသောNewဘေးနားသို့ထိုင်ကာ
မေးလိုက်သည်။P offအနားဘဲကပ်နေလို့ ကိုယ့်သူငယ်ချင်းကိုဂရုမစိုက်မိ။အခုP off~suncreamသွားယူတုန်းNewဆီထွက်လာခြင်း။P Tayကတော့သူငယ်ချင်းနှစ်ယောက်ကို အချိန်ပေးရန်ရှောင်ပေးသည်။

"မပြေဘူး"

"ဘာဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြမှာလား?"

"ငါပြောရင် မင်းကယုံမှာလား!?"

"ဒါပေါ့ ငါ့မှာသူငယ်ချင်းလေးဒီတစ်ယောက်ဘဲရှိတာ
မင်းကိုမယုံလို့ဘယ်သူ့ကိုသွားယုံရမှာလဲ?"

သူ~Newပုခုံးလေးကိုဖက်ရင်းမေးငေါ့ကာ
ရင်းရင်းနှီးနှီး ပြောလိုက်သည်။

"မသိပါဘူး မင်းဘဲကြီးကိုဘဲယုံတာလားလို့?"

"Newခွေးကောင်!မင်းကိုစိတ်ပူမိတာငါ့အမှား သွား သွား
နားမထောင်တော့ဘူး!"

"စတာ စတာအသဲလေးကလည်း စိတ်ကြီးဘဲ ပြောပြမယ်
ငါ့ရဲ့စကားတွေကို ယုံတဲ့လူမင်းဘဲရှိမှာ နားထောင်ပေးပါနော် နော်...."

"ပြော!"

"ဟုတ်ပြီ ဟုတ်ပြီ ငါပြောမယ်နော် ငါပြောရင် မ မရီနဲ့နော်!"

"အေး"

"ငါထင်တာလေ ဒီ ဒီကမ်းခြေမှာ သရဲရှိနေတယ်!!"

Newရဲ့ဖြစ်ညှစ်ပြီးအော်ပြောလိုက်တဲ့စကားကြောင့် အနီးအနားမှာရှိတဲ့ဧည့်သည်တစ်ချို့ကလှည့်ကြည့်ပြီး ရီကြသည်။တစ်ချို့ကလှည့်ကြည့်ရုံဘဲ ကြည့်သွားကြသည်။ဓာတ်ပုံရိုက်နေတဲ့P Tayလည်းသူတို့ကို မျက်မှောင်ကြုတ်ကာကြည့်ပြီး
ပြန်လှည့်သွားသည်။Gunကတော့ Newထင်ထားသလို
မရီခဲ့ပေ။အဲ့အစား မေးခွန်းတစ်ခုသာ ထုတ်မိသည်။

"ဘာကြောင့် မင်းအဲ့လိုထင်တာလဲ!?"

"ငါ ငါလည်းမသိဘူးကွာ အမြဲတမ်းအအိပ်ကြီးတဲ့ငါက ခုဆိုညဘက်တွေဆိုရင်လန့်လန့်နိုးတယ် ပြတင်းပေါက်ကပွင့်နေပြီး အရိပ်မည်းတွေလည်းမြင်ရတယ် ဒါပမယ့်အဲ့အရာတွေကP Tayနိုးလာရင်ပျောက်ပျောက်သွားတယ် သေချာတာကတော့ကွာ သရဲမဟုတ်ရင်တောင်တစ်ခုခုတော့ ရှိရမယ်!"

F4( GMM Version)Z/UWhere stories live. Discover now