Ep 13

2K 241 34
                                    

Zawgyi

"အင်း~~~ဟင်း~"

Offအိပ်ရာပေါ်မှလူးလူးလိမ့်လိမ့်ဖြစ်နေသော ကောင်လေးကို မျက်လုံးဖွင့်တဲ့အထိ ထိုင်ကြည့်နေလိုက်သည်။
လက်ကလည်း ဟိုစမ်းဒီစမ်းဖြင့်။နောက်မှ သူ့အိပ်ယာမဟုတ်တာ သတိထားမိ၍ထင် ငေါက်ခနဲထထိုင်သည်။

*အပြုအမူသေးသေးလေးကအစ ချစ်ဖို့ကောင်းနေရောကွာ~~*

"ဟင်!!!ခင်များ!"

သူ့ရှေ့မှာကျကျနနထိုင်နေသော Offကိုမြင်သွားပြီဖြစ်သည်။
ထို့နောက် သူ့ကိုယ်သူလဲငုံ့ကြည့်နေသည်~~။လန့်သွားသော
ရုပ်ကလေး~~~။လန့်မှာပေါ့Offကိုယ်တိုင် ရေစိုဝတ်တွေလဲပေးထားတာကို~~။

"ကျွန်တော့်ကို ခင်များကယ်တာလား ဒါဘယ်နေရာလဲ
အဝတ်အစားကို ဘယ်သူလဲပေးတာလဲ ခုရောဘယ်နှစ်နာရီရှိပြီလဲ အိမ်တော့စိတ်ပူနေတော့မှာ ရူးနေလား!!အိမ်ကိုပြန်မပို့ပေးဘဲ ခေါ်လာတာလဲ ကျွန်တော့်ကို ဘာမှတော့မလုပ်ထားပါဘူးနော်!!"

ကိုယ့်ကိုယ်ကို လက်နဲ့တကာကာဖြင့် တရစပ်ရန်တွေ့သွားသောကောင်လေး~~~။ဒီကောင်လေးဟာလေ မေတ္တာစိတ်ထားလို့မရ~~။သူ့ကိုဘာလုပ်ရအောင် Offရုပ်က အဲ့ရုပ်ပေါက်နေလို့လား~~~။

တော်ပြီ တော်ပြီ!!။ရှေ့မှာအရူးထပြီး ဒီကောင်လေးကို ချီးမွမ်းခဲ့တဲ့ စကားတွေအကုန် ပြန်ရုတ်သိမ်းတယ်~~။

ကိုယ့်မှာတော့ သူကြောင့် ကျောင်းမှာ ဆိုင်ကယ်လဲထားခဲ့တယ်~~။အိပ်ပျော်သွားတော့ လက်ကမချဘဲ ဒီထိချီလာရတယ်~~~။ကိုယ်တိုင်လဲ အဝတ်လဲပေးရသေးတယ်~~။
ယောက္ခမကြီးကိုလဲ စိတ်ပူမှာဆိုးလို့ ဖုန်းဆက်ရသေးတယ်~~။သူနိုးလာရင် စားဖို့အတွက်လည်း Chefကို လှမ်းညွှန်ကြားရသေးတယ်~~~။

(AN: ကိုယ်တိုင်တော့ မချက်ခိုင်းဘူး လှမ်းဘဲညွှန်းကြားခိုင်းမယ်လေနော်:) တ်ာကြာ မုန့်ညှင်းအဖတ်လိုက်ကြော်တွေ ဂန်းဂန်းလေးစားနေရမှာဆိုးလို့😆)

ဒီကောင်လေးကြောင့် တော်တော် အလုပ်ရှုပ်သွားတာပင်။
ဒါကို နိုးနိုးချင်းကြားရသည်က ရန်တွေ့စကား~~။
နင်သွားတာတော့ အမှန်ပင်~~။မေတ္တာတုံးလေး~~။

F4( GMM Version)Z/UWhere stories live. Discover now