Ep 8

2.1K 237 26
                                    

Zawgyi

တင်း.....တောင်(Bell Ringing)

Gunကျောင်းတက်ခေါင်းလောင်းသံကြား၍ ဘေးနားမှပြန့်ကျဲနေသောစာရွက်တွေ့ကို လွယ်အိတ်ထဲသို့
ကောက်သိမ်းလိုက်သည်။ထို့နောက် ရှေ့မှလာရပ်သော
ခြေထောက်တစ်စုံကြောင့်မော့ကြည့်လိုက်သည်။

Gunကိုပြာကျမတတ် စိုက်ကြည့်နေ
သော အရူးကောင်။အခုထိ အကြည့်မလွှဲသေး။ငုံ့ကြည့်နေသေးသည်။မနေနိုင်တဲ့အဆုံး ကျောချမ်းလာတဲ့gunကဘဲ
အကြည့်လွှဲလိုက်ပြီး သိမ်းစရာရှိတာဆက်သိမ်းနေ
လိုက်သည်။

*ဘာလာလုပ်တာပါလိမ့်*

*Gun ကိုဘာပြသနာရှာဦးမလဲမသိ*

တွေးလက်စကိုရပ်ကာ ထထွက်သွားရန်အပြု ကော်လံသို့
ဆောင့်ဆွဲလိုက်သောလက်တစ်စုံ။အရပ်ချင်းကွာဟမှုသည်
နည်းတဲ့အတိုင်းအတာမဟုတ်တာကြောင့် Gunခြေထောက်ပင် မြေနှင့်တော့ဘဲ လည်ပင်းအစ်လာရသည်။

"အစ်...မင်း ခင်များဘာလုပ်မလို့လဲ "

"အဟက်မင်းမျှော်နေတဲ့သူမဟုတ်လို့ ငါ့ကိုမဖတ်မလုပ်တာလား"

"အစ် ဘာတွေ~~~~ပြော~~~~နေတာလဲ အသက်~~~ရှူ"
Gunစကားပင် ဆက်မပြောနိုင်တောာပေ။
အတော်မွန်းကြပ်နေပြီဖြစ်သည်။

" ဟူးးးးး အွတ်"

အောက်ဆီဂျင်မဝသော နှုတ်ခမ်းသို့ ရောက်ရှိလာသော
နှုတ်ခမ်းတစ်စုံ။Gunရုန်းပါသော်လည်း အသက်ရှူမဝတာ
ကြောင့် ခြေကုန်လက်ပန်းကျပြီး ရုန်းကန်မှုကအရာမထင်ပေ။
အောက်ဆီဂျင်မလုံလောက်မှုကြောင့် gunခေါင်းတွေမူးဝေ
ပြီး အမြင်တွေဝေဝါးလာပြီဖြစ်သည်။ မျက်ရည်တွေလဲ
ကျလာပြီ။

*အင်း gunဘဝကဒီမှာပြီးပြီလား?*

gunငြိမ်သွားသည်နှင့် ကြမ်းတမ်းသောအနမ်းတွေသည်
ရပ်တန့်သွားခဲ့သည်။သို့သော် နှုတ်ခမ်းထက်တွင် ဖွဖွလေးထိကပ်ထားသေးသော နှုတ်ခမ်းတစ်စုံ။ထို့နောက် သူသည်
နှုတ်ခမ်းထက်သို့ လေတွေမှုတ်သွင်းနေသည်။

တစ်ခေါက်

နှစ်ခေါက်

သုံးခေါက်

၃ခေါက်မြောက်အပြီးမှာတော့ ခွာသွားနှုတ်ခမ်းတစ်စုံ။
Gunမတ်တပ်ရပ်ဖို့ပင် အားမရှိတော့ဘဲ မြေပြင်ပေါ်
ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက်ပြီး သူနမ်းသွားသော နှုတ်ခမ်းကို ဖိသုတ်ကာ ငိုမိသည်။ယောကျာင်္းတစ်ယောက်အနေနဲ့
ယောကျာင်္းလက်ထဲမှာ အတင်းနမ်းခံရတာဟာ Gun
အတွက် ခံပြင်းသည်။သူ.....? Gunကိုကြည့်နေမှာ
အသေအချာပင်။

F4( GMM Version)Z/UWhere stories live. Discover now