Episode 24

41 7 0
                                    

#Zaw Gyi#

နောက်ဘဝရှိခဲ့သော် ၂၄

(****ဆဲရေးတိုင်းထွာမှုများ ပါဝင်သည်။****
အဆဲဆိုပေမယ့် အဲ့နေရာလေးတွေမှာ $ နဲ့အစားထိုးရေးထားပါတယ်။ အဆင်မပြေမှာစိုးလို့ ကြိုပြောထားတာပါ။ Enjoy~~~😘😘)

လွန်ခဲ့သော တစ်နာရီခန့်က

Lan Li တစ်ယောက်ကျောင်းအပ်ဖို့အတွက် ကျောင်းသားရေးရာခန်းဘက်ကို ဦးတည်လိုက်တယ်။ ဟောခန်းမကြီးကို အသုံးပြုထားပြီး သူ့နှစ်နဲ့သူ ကျောင်းအပ်တဲ့ကျောင်းသားရေးရာဌာနရဲ့ သူတွေက တစ်သီးတစ်ခြားစီ ထိုင်နေကြတယ်။ သူမတို့ ဟောခန်းမထဲဝင်လာလိုက်တော့ ကျောင်းအပ်ရက်ကအနည်းငယ်စောနေသေးတာမို့ ကျောင်းသားတော့သိပ်မရှိ။ ပထမနှစ်က ကျောင်းသားရေးရာမှာ ကျောင်းအပ်နေတဲ့သူ ၂ယောက် ၃ယောက်လောက်တော့ရှိသည်။

Lan Li ဝင်လာတော့ အကုန်လုံးရဲ့ မျက်လုံးတွေက Lan Li နဲ့ Xiang Xiang တို့ဆီကိုပဲရောက်နေကြတယ်။ Lan Li အပ်ရမယ့် စတုတ္ထနှစ်ကျောင်းသားရေးရာဌာနက ဟောခန်းမရဲ့ အတွင်းအကျဆုံးနေရာမှာဖြစ်တာကြောင့် အားလုံးရှေ့ကနေ ဖြတ်သွားရတယ်။Lan Li ရဲ့ကိုယ်ပိုင်အငွေ့အသက်တွေကို ကြည့်ပြီး ပထမနှစ်ကျောင်းအပ်နေတဲ့ ကျောင်းသားတွေက

"အဲ့တာ ဘယ်သူလဲဟ...ဝိဉာဉ်စွမ်းအင်မဟုတ်ပဲ သူ့ကိုယ်ပိုင်အငွေ့အသက်နဲ့တင် အရမ်းကြီးမားတာ သူက တော်တော်စွမ်းအားကြီးမှာပဲ"

"ရှူး....မင်းတို့ ဘုရားပွင့်တာကို ဖူးလိုက်ရတာကွ။ အဲ့တာဘယ်သူမှတ်လို့လဲ Qin အိမ်တော် သခင်မလေး Qin Lan Li ကွ"

"ဝိုး....ကျောင်းကို အမေ့စကားနားထောင်ပြီး စောစောလာအပ်လိုက်တာမှန်သွားပြီကွ။"

ကျောင်းသားတွေအပြင် ကျောင်းသားရေးရာကလူတွေပါ အချင်းချင်း တွတ်ထိုးကုန်လေတယ်။

"Qin သခင်မလေးက စတုတ္ထနှစ်ဘက်သွားတာပဲ"

"ငါကြားသလောက် သူမ မနှစ်က စတုတ္ထနှစ်အတွက် စာမေးပွဲဖြေထားတာလေ။ အောင်သွားတယ်တဲ့"

"ဟုတ်လား။ တော်လိုက်တာ။ တစ်နှစ်ထဲနဲ့ အောင်တာ ရှားတယ်"

"ဟုတ်တယ်။ ပြီးတော့ ဖြေတဲ့သူတွေထဲမှာ အမှတ်အများဆုံးတဲ့"

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now