Episode 9

127 15 0
                                    

"Wan Long မင်းဘာပြသနာထပ်​ရှာပြန်​ပြီလဲ။"

အသံလာရာကိုအားလုံးသမင်​လည်​ပြန်​လှည့်​ကြည့်​လိုက်​တဲ့အခါ အသံပိုင်​ရှင်​ကတခြားသူမဟုတ်​။ Huanအိမ်​​တော်​ရဲ့သခင်​ကြီး Huan Gao Jing......

Huan Gao Jing ကမ​ချော​ပေမဲ့ ​ယောကျာင်္းဆန်​ပြီး တည်​ကြည်​ခန့်ညားတဲ့ရုပ်​ရည်​ရှိတဲ့ သူတစ်​​ယောက်​။ သူ့ရဲ့သား Huan Wan Long လို အရက်​​သောက်​ ​လောင်းကစားလုပ်​ပြီး မိန်းမ​ပွေရှုပ်​တတ်​တဲ့သူမဟုတ်​ပဲ တည်​ကြည်​​အေး​ဆေးတဲ့သူတစ်​​ယောက်​။

သူ့ရဲ့ဇနီး Huan Wan Long ရဲ့မိခင်​ရှိစဉ်​တုန်းကလည်း သူမတစ်​ဦးတည်းသာတရားဝန်​ဇနီးရှိပြီး ကိုယ်​လုက်​​တော်​မရှိ။ သူ့ဇနီး​ဆုံးသွား​တော့လည်း​နောက်​ထပ်​အိမ်​​ထောင်​ပြုတာလည်းမရှိ ကိုယ်​လုပ်​​တော်​ထားခြင်းမရှိသည်​အထိ သူ့ရဲ့ဇနီးကိုချစ်​သူတစ်​​ယောက်​။

Huan Wan Long ၅နှစ်​အရွယ်​မှာ မိခင်​ဆုံးပါးသွား​တော့ မိတဆိုး​လေးဆိုပြီး မ​ပြောရက်​မဆိုရက်​ဖြစ်​ခဲ့တာ အခုဆို သူမှလွဲ၍ သူ့သားကဘယ်​သူ့ကိုမှ မျက်​လုံးထဲမထည့်​ အ​တော်​​လေးကိုရိုင်းရိုင်းဆိုင်းဆိုင်း ဆက်​ဆံတတ်​သည်​။

Huan Wan Long က မျက်​နှာပင်​​ကောင်း​ကောင်းမမှတ်​မိ​တော့တဲ့ သူ့ရဲ့မိခင်ကို အရမ်းအရမ်းချစ်​တဲ့သူတစ်​​ယောက်​။ သူ့ရဲ့ဖခင်​​ပြောစကားကိုလည်း အမြဲပြန်​မ​ပြောနားမ​ထောင်​လုပ်​တတ်​တဲ့ သူတစ်​​ယောက်​ မို့ အ​ဖေနှင့်​ခဏခဏပြသနာတတ်​ရသည်​မှာလည်းခဏခဏ။ ဒါ​ပေမဲ့ သူ့ဖခင်​ကို ထိပါး​စော်​ကား​ပြောဆိုရင်​​တော့မခံတဲ့သူတစ်​​ယောက်​။

့ပြသနာတစ်​ခုခုဖြစ်​​တိုင်းလည်း ဖခင်​ဖြစ်​သူကလိုက်​လံ​ဖြေရှင်း​ပေးပြီး ​နောက်​ကျရင်​ အပြစ်​​ပေးခံရသူသည်​ကလည်း Huan Wan Long ဖြစ်​တယ်​။ ဘယ်​​လောက်​ပဲအပြစ်​​ပေး​ပေး အချိုးမ​ပြောင်းတဲ့ သူ့သားရဲ့အနာဂတ်​အတွက်​ အိမ်​​တော်​ရဲ့အနာဂတ်​အတွက်​ သူ​တော်​​တော်​​လေး ရင်​​လေးရသည်​။

"Qin မိန်းက​လေး.... ဒီကအ​ဖေကြီးကပဲ သူ့သားအတွက်​​တောင်းပန်​ပါတယ်​။ ဒီအ​ဖေကြီးက သူ့သားကို ငယ်​စဉ်​တုန်းက​သေချာ မဆုံးမခဲ့တဲ့အတွက်​​ကြောင့်​ ဒီအ​ဖေကြီးကပဲ ကိုယ်​စား​တောင်းပန်​ပါတယ်​......"

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now