Episode-1

812 53 2
                                    


ဖြူ​ဖွေး​နေတဲ့အဖြူ​ရောင်​ နှင်းကတ္တီပါအချပ်​များနှင့်​ ဖြူစင်​​သောနှင်းပွင့်​​တွေဟာ လ​ရောင်​​ကြောင့်​ပိုမိုဖြူဆွတ်​​နေသည်

အလွန်​တရာလှပ​နေသ​ယောင်​ဖြစ်​​နေ​ပေမဲ့လည်း ထိုအလှအပတို့ကို အကျဉ်းတန်​​စေခဲ့သည်​တို့က
ကြက်​​သွေး​ရောင်​ ​သွေးကွက်​ ​သွေးအိုင်​များ

ဆောင်းရာသီသ​ဘောသဘာဝအရ ​အ​အေးဓာတ်​ကိုသာခံစားရမည်​ဖြစ်​​သော်​လည်း တဟုန်းဟုန်း​တောက်​​လောင်​​နေတဲ့ မီး​တောက်​​ မီးညွန့်​​တွေနဲ့ ပူ​လောင်​​နေတယ်

မီး..ဆိုတဲ့သ​ဘောသဘာဝနဲ့အညီ ပူ​လောင်​ခြင်း မုန်းတီးခြင်း​တွေနဲ့အတူ တိုက်​ခိုက်​သံ​တွေ

မြေပြင်​​ပေါ်လဲကျ​သေဆုံးသူ​တွေ မိမိအသက်​နဲ့မိသားစုကို ကာကွယ်​ဖို့ ဓားကိုကိုင်​ဆွဲပြီး အစွမ်းကုန်​ကာကွယ်​​နေကြတဲ့ သူ​တွေ

သုသာန်​တစပြင်သဖွယ်​ လူသတ်​ကွင်းသဖွယ်​ ငရဲတစ်​ဖွယ်​ဖြစ်​​ပေါ်​နေ​သော Qin အိမ်​​တော်

ထိုအချိန်​မိန်းမပျိုတစ်​ဦး

ဖြူ​ဖျော့​နေ​သောမျက်​နှာ ​သွေးတွေနဲ့စွန်းကျံ​နေတဲ့ ​အပြာနု​ရောင်​ဝတ်​ရုံ​လေးကလည်း ​လေအ​ဝှေ့မှာ တစ်​ဖျက်​ဖျက်​လှုပ်​ခပ်​​နေတယ်

ပါးစပ်​မှလည်း​​လေပူများကို စီးချက်​ညီစွာမှုတ်​ထုတ်​​နေတယ်
လက်​ဖျံမှ တ​တောက်​​တောက်​စီးကျ​နေ​သော​သွေးစက်​များကိုမမှု ဓားကိုကျစ်​လစ်​စွာစုတ်​ကိုင်​ထားသည်

ကျောက်​စိမ်းပြားအ​ဆောင်​​လေးကို ကျန်​လက်​တစ်​ဖက်​က​နေ ကျစ်​လစ်​စွာကိုင်ထားပြီး နာကျဉ်​မှု​တွေကို အံတုပြီး ​လေးလံ​သော​ခြေလှမ်းများနှင့်​ အလွန်​​ကြီးမားစွာလာင်​ကျွမ်း​နေတဲ့ မီးပုံနားကို တအိအိဦးတည်​​နေသည်

ထိုစဉ်
"တူမ​လေး Lan-Arr မင်း​ပြေးမလွတ်​​တော့ပါဘူး

အင်​အား​တွေ အကုန်​ခံပြီး​ပြေးမ​နေပါနဲ့​တော့လား

သမီးချစ်​လှပါပြီဆိုတဲ့သမီးရဲ့ မယ်​​တော်​, ငါ့ရဲ့အစ်​မ​တော်​လည်းမင်းတို့အားလုံးကိုထားသွားပြီ

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now