Episode 18

63 10 0
                                    

Zaw Gyi

အကုန်လုံးရဲ့ စိတ်ဝင်စားမှုနဲ့ အကြည့်တွေက မြို့ပတ်လမ်းပေါ်က မျက်နှာကို ပုဝါစလေးများနှင့်အုတ်ထားတဲ့ အမျိုးသမီး၎ယောက်ပေါ်ကိုသာရောက်နေကြတယ်။ မလွဲဧကန်ပင် Lan Liတို့အုပ်စုပင်ဖြစ်လေတယ်။ Qin အိမ်တော်ဝင်တွေကို တွေ့ရခဲ့တဲ့အတွက်ကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုက သူမတို့အပေါ်ရောက်နေခြင်းပင်။

Qin အိမ်တော်က သူတွေကပြင်ပလောကိုအဆက်အသွယ်နှင့် အသွားအလာနည်းလေ့ရှိပေမဲ့ သူမတို့ရဲ့ ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်ပုံနဲ့ မျက်နှာကိုပုဝါအုပ်ထားခြင်းက အားလုံးထဲမှာထင်ပေါ်နေစေလေတယ်။ လပြည့်ညမှာ နတ်ပြည်မှနတ်သမီး၎ပါး နတ်ပြည်မှဆင်းသက်လာသလားပင်ထင်ရသည်။ Lan Liအတွက် အဲ့လိုမျိုးဝိုင်းကြည့်ခံရတာမျိုးတွေက ငယ်ငယ်ကတည်းက Chun Xian တောင်မှာလာလာပြီး စာသင်နေရတဲ့သူမအဖို့တော့ မပြောပလောက်။ ဒါပေမယ့်ကျန်တဲ့ ၃ယောက်အတွက် စိတ်မသက်မသာဖြစ်နေမယ်ဆိုတာ လုံးဝအသေအခါပင်...

"အဟမ်း ငါတို့ဒီဆိုင်မှာစားရအောင် ဆိုင်ကစားကောင်းမယ့်ပုံပဲ"

Lan Li ချောင်းတစ်ချက်ဟတ့်လိုက်ပြီး အနီးအနားမှာရှိတဲ့ အနီးဆုံးစားသောက်ဆိုင်တစ်ခုကို ညွှန်လိုက်တယ်။

၃ယောက်သား မိုးရွာခါနီးမိုးခိုစရာနေရာရလိုက်တယ့်အတိုင်း ခေါင်းကိုတွင်တွင်ငြိမ့်ကြလေတယ်။

Xiang Xiang နဲ့ Jiao Jiao၊ Lan Liရဲ့လက်တစ်ဖက်ဆီကိုဆွဲပြီး ဆိုင်ထဲမပြေးရုံတမယ်ဆွဲခေါ်သွားတယ်။ Li Liကလည်းအနောက်ကနေထပ်ကျက်မခွာလိုက်လာတယ်။ အခုသူမကိုကြည့်ရတာ ကလေးသုံးယောက်နဲ့အနိုင်မနင်းဖြစ်နေတဲ့အမေလိုပဲ။

"ဧည်သည်တို့ကြွပါခင်ဗျာ့" ဆိုင်ကစားပွဲထိုးလေးက သူတို့ကိုအပေါက်ဝကနေ စည်းကြိုတယ်။ လက်ကိုအတင်းဆွဲထားတဲ့ Xiang Xiang နဲ့ Jiao Jiao လက်ကိုဖြုတ်ချပြီး Lan Liနောက်ကို ခပ်သွက်သွက်ဝင်သွားကြတယ်။ ကလေးငယ်လေးတွေ လူစိမ်းတွေ့လို့အမေ့နောက်ဝင်ပုန်းတေသလို။ (Tank ကြီးပေါ့

ရုတ်တရက်ဖြစ်ပေါ်လာတာတွေကြောင့် စားပွဲထိုးကောင်လေးကော Lan Liပာကြောင်အမ်းအမ်းဖြစ်နေတယ်။ Lan Liကစိတ်ကိုပြန်စုစည်းလိုက်ပြီး

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now