Episode 10

136 14 2
                                    

"အကယ်​၍ အ​ကြောင်းပြချက်​တစ်​ခုခုမရှိဘူးဆိုရင်​ ဘာမှမ​ပြောပါနဲ့။
ရှင့်​ကြောင့်​ အားလုံး​ခေါင်းငုံ့အရိုအ​သေ​ပေးရတဲ့ ရှင့်​အ​ဖေက ကျွန်​မလိုသခင်​မ​လေးတစ်​​ယောက်​ကို  ခါးညွှန့်​​အောက်​ကျို့ခံပြီး ​တောင်းပန်ရလိမ့်​ဆိုတာ ကျွန်​မ​တွေး​တောင်​မ​တွေးဖူးဘူး။ ရှင်​ ရှင့်​အ​ဖေကို မသနားဘူးလား...."

သူမ​ပြောလိုက်​တဲ့ စကား​ကြောင့်​ Huan သခင်​ကြီး လုံးဝမျက်​နှာပျက်​သွားတယ်​။ Huan Wan Longရဲ့မျက်​နှာက​တော့ ခက်​ထန်​​နေဆဲ။ Qin Lan Li ဆက်​ပြီး စိတ်​မထိန်းနိုင်​​တော့ဘူး။ သူမHuan သခင်​ကြီးကိုသနားသည်​။

သူ့မှာဒီသားတစ်​​ယောက်​တည်းရှိသည့်​အပြင်​ ​နောင်​အချိန်​Huan အိမ်​​တော်​ကို လက်​ဆင့်​ကမ်း တာဝန်​ယူရမယ့်​သူက Huan Wan Long လိုလူမျိုးဖြစ်​​နေတာက သူမကိုပိုပြီး စိတ်​မ​ကျေမချမ်းဖြစ်​​စေတယ်​။ အဲ့အတွက်​​ကြောင့်​ သူမဆုံးဖြတ်​လိုက်​တယ်​.....အဲ့တာကပညာ​ကောင်း​ကောင်း​ပေးဖို့ပဲ။

သူမညှင်​သာစွာအပြုံး​လေးတစ်​ခုကို မျက်​နှာထက်​ပန်​ဆင်​လိုက်​ပြီး Huan သခင်​ကြီးဘက်​ကိုလှည့်​ကာ ရို​သေ​လေးစားစွာအရိုအ​သေပြုပြီး...

"Huan သခင်​ကြီး...
သခင်​ကြီးက တရားစီရင်​တဲ့​နေရာမှာမျှတမှုရှိတယ်​ဆိုတဲ့အ​ကြောင်း​တွေအပြင်​ အရမ်းသမာသမတ်​ရှိတဲ့သူတစ်​​ယောက်​ဆိုတာကို Lan Li ကြားဖူးနားဝရှိပါတယ်​။ Huan သခင်​ကြီးကို Lan Li အရမ်းလည်း​လေးစားပါတယ်​။ အဲ့တာ​ကြောင့်​ Huan သခင်​ကြီး Lan Li ​မေးခွန်းတစ်​ခု​မေးလို့ရမလားမသိဘူး။"

"​မေးချင်​​တာကို ပွင့်​ပွင့်​လင်းလင်း​မေးနိုင်​ပါတယ်​။" Huan သခင်​ကြီးက ​အေးချမ်းတည်​ငြိမ်​စွာ​ပြောလိုက်​တယ်​။

"ဟုတ်​ကဲ့။ Huan သခင်​ကြီးကို အရင်​ဆုံး Lan Li​မေးမယ့်​ ​မေးခွန်းက...
အကယ်​၍ ကိုယ့်​ရဲ့ သမီးမိန်းက​လေးတစ်​​ယောက်​ကို တခြား​အိမ်​​တော်​ရဲ့ ​ယောကျာ်းတစ်​​ယောက်​က လူကြားထဲမှာ နှုတ်​​ကော လက်​​ကောပါ ထိပါးပြီး အိ​နြေ္ဒ​ရေပျက်​​အောင်​လုပ်​တယ်​ဆိုရင်​ Huan သခင်​ကြီးရဲ့ တုံ့ပြန်​မှုက ဘယ်​လိုရှိမလဲဆိုတာ Lan Liသိနိုင်​ပါမလား။"

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now