Episode 27

35 3 1
                                    

Zaw Gyi..

အဆောင်ဘေးမှ ချယ်ရီပင်အား တွေတွေလေးငေးကာ လက်ဘက်ရည်သောက်ရင်း အတွေးနယ်ချဲ့နေချိန်တွင် ချယ်ရီဆောင်အား တံခါးလာခေါက်နေသံကြားသောကြောင့် သူမတွေးတောနေတာကိုရပ်ကာ တံခါးသွားဖွင့်ဖို့ရာပြင်လိုက်သည်။ Li Li တို့အနောက်ဆောင်ဘက်ကတော့ တံခါးခေါက်သံကြားရရင်တောင် သေချာနားထောင်မှသာကြားရနိုင်လိမ့်မည်။

သူမအိပ်ဆောင်ကနေ တစ်ဆက်တည်းချိတ်ဆက်ထားတဲ့ ဧည့်ခံဆောင်ကနေ တစ်ဆင့်ချယ်ရီဆောင်ရဲ့အရှေ့ဘက်မှာ မြက်တွေ ပန်းစိုက်ခင်းလေးတွေနဲ့ အလှဆင်ထားတဲ့ လျှောက်လမ်းအလယ်ကနေ တံခါးမကြီးစီကို ဦးတည်လိုက်တယ်။

သူမတံခါးဖွင့်ပေးပြီးနောက် တံခါးရဲ့နောက်မှာ Zhi အိမ်တော်က အစေခံဝတ်စုံကို ဝတ်ဆင်ထားတဲ့ အစေခံကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ်။ ထိုအစေခံကောင်လေးဟာ Xiang Xiang တို့ထက်ငယ်ရွယ်ပုံပေါ်သည်။ အရပ်ကလေးမှာ သူမရဲ့ ပုခုံးအောက် ရင်ညွှန့်လောက်သာရှိသည်။

ထိုကောင်လေးသည် ဘာမှမပြောပဲ သူ့ကိုမျက်နှာသေကြီးနဲ့ ငုံ့ကာစူးစိုက်စွာ ကြည့်နေတဲ့ သူ့ရှေ့က Lan Liကြောင့် ကြောက်ဒူးတွေပါတုန်ချင်လာတယ်။ ထိုကောင်လေးသည် သတွေးကို 'ခလု' ခနဲမျိုချကာ အားမွေးပြီး တုန်ယင်စွာနဲ့....

"Qin...Qinအိမ်တော် သခင်မလေး Qin....Qin Lan Li ဆီကို ကျွန်...ကျွန်တော်တို့ သ...သခင်ကြီး Zhi ဂိုဏ်းချုပ်က စာ..စာ...စာပေးခိုင်းလိုက်ပို့ပါ။"

"ငါပဲ.."

Lan Li ရဲ့အေးတိအေးဆက်တဲ့ ယတိပြတ်ဖြေကြားလိုက်မှုကြောင့် စာလာပို့တဲ့ကောင်လေးခမျာ ကျောထဲစိမ့်သွားရတဲ့ထိ ကြောက်လန့်ကာ တစ်ချက်တုန်တက်သွားသည်။  သူစဉ်းစား၍မရသည်က ပုံမှန်အခြားမိသားစုမှ သခင်မလေးများသည် ဥယာဉ်နှင့်တွဲထားတဲ့ အနောက်ဘက်ခြံမှာသာ နေထိုင်ကြပြီး အရှေ့ဘက်အဆောင်ကတော့ အိမ်တော်နောက်လိုက် သို့မဟုတ်အစေခံတွေက ဝေယျာဝိစ္စလုပ်ကိုင်ရာမှာ ဝင်ရထွက်ရမြန်တဲ့ အရှေ့ဘက်အဆောင်မှာသာ နေလေ့ရှိတယ်။ တခြားအိမ်တော်တွေကိုလည်း သူစာပို့ရသည်။ အကုန်လုံးက အစေခံများ သို့မဟုတ် နောက်လိုက်များကသာ စာကိုလက်ခံယူကြသည်။ ကိုယ်တိုင်ကိုယ်ကျထွက်မယူကြ။

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now