Episode 14

99 13 0
                                    

Zaw Gyi

Lan Li မယ်တော်ရဲ့အဆောင်ကနေ ထွက်လာတာနဲ့ သူမရဲ့ခြေလှမ်းတွေကို သူမရဲ့အ​ဆောင်ဆီ ဦးတည်လိုက်တယ်။ မျက်နှာမှာလဲ အပြုံးပွင့်လေးဆင်မြန်းပြီးပေါ့။ နောက်ကလိုက်လာတဲ့ Li Li ကတော့ အူကြောင်ကြောင်နဲ့ပေါ့။

Lan Li သူ့အဆောင်ကိုရောက်တဲ့အခါ အိပ်ဆောင်ထဲမဝင်သေးပဲ ပင်မခန်းမထဲကခုံမှာထိုင်ချပြီး စားပွဲပေါ်က အသင့်ပြင်ထားတဲ့ လက်ဘက်ရည်ကို ခွက်ထဲထည့်ကာ မသောက်သေးဘဲ ခဏအအေးခံထားလိုက်တယ်။ လက်ဘက်ရည် အအေးခံနေတဲ့အချိန်နဲ့တပြိုင်တည်း သူမဝတ်ရုံထဲက တယုတယယူလာတဲ့ စာအိပ်လေးကို ဝတ်ရုံထဲက အသာထုတ်လိုက်တယ်။ ပြီးတော့အထဲက စာကိုထုတ်ပြီး သေချာဖတ်လိုက်တယ်။

ဖတ်နေရင်းနဲ့ ဘေးနားကအအေးခံထားတဲ့လက်ဘက်ရည်ခွက်လေးကို အသာမပြီး တစ်ငုံသောက်လိုက်တယ်။ သူမရဲ့မျက်နှာမှာလဲ ပြုံးသယောင်ယောင်လေး ပြုံးမနေတော့ပဲ နှုတ်ခမ်းနှစ်ဘက်လုံးကော့တက်သွားသည် အထိပြုံးလိုက်တယ်။

သခင်မလေး ချိုးရေသွားစီစဉ်ကြီးကြပ်ပြီး ပြန်ရောက်လာတဲ့ Li Liကတော့ အခန်းအဝမှာတင် ငိုရမလိုရီရမလိုပေါ့။ သခင်မလေးရဲ့မျက်နှာဟာ အမြဲတမ်း တည်တန့်နေသလိုလဲမဟုတ်  ပြုံးနေသလိုလဲမဟုတ်တဲ့ မျက်နှာကို ပိုင်ဆိုင်သူ။  သူမရဲ့ခုလို အပြုံးမျိုးကို မြင်ရရင် ကောင်းတဲ့ကိစ္စရှိရင်ရှိ မရှိရင်သေချာပေါက်မကောင်းတဲ့ ကိစ္စတစ်ခုခုရှိနေပြီဆိုတာ သူကောင်းကောင်းနားလည်တယ်။ သူမစိုးထိတ်နေတာက မနက်ကကိစ္စ......

'မဖြစ်တော့ဘူး....ငါသခင်မလေးကိုမေးရင်ကောင်းမလား မမေးရင်ကောင်းမလား.... သခင်မ​လေးရဲ့ စည်းကမ်းကြီးပုံနဲ့ တော်ကြာ ငါပါကြားထဲကနေ အပြစ်ပေးခံနေရဦးမယ်...ငါဘာလုပ်ရမလဲ..'

"Xiao Li အခန်းဝမှာရပ်ပြီး နေ့ခင်းကြောင်တောင်ဘာတွေ တွေးနေပြန်ပြီလဲ.....ဝင်ခဲ့လေ။"

Li Li ခေါင်းရှုပ်ပြီးတွေးနေတုန်း အခန်းထဲကနေ Lan Li လှမ်းခေါ်လိုက်တယ်။

Li Li ကုတ်ကုတ် ကုတ်ကုတ်နဲ့ အထဲကိုအသာဝင်သွားလိုက်တယ်။ သခင်မလေးရှေ့မှာရပ်ပြီး လက်နှစ်ဖက်ကလက်ချောင်းလေးတွေကို ကျစ်ကျစ်ပါအောင်စုကိုင်ထားပြီး မျက်လွှာချထားလိုက်တယ်။

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now