Introduction

1.7K 73 3
                                    

'ကျွန်​မမှာ ​စောင့်​​ရှောက်​ရမယ့်​ အရမ်းချစ်​ရတဲ့ညီမ​လေးတစ်​​ယောက်​ရယ်​ ဂိုဏ်းသူ ဂိုဏ်းသား​တွေ ရှိ​နေတယ်

ကျွန်​မ တာဝန်​ ဝတ္တရား​ပေါင်းများစွာကို ကျွန်​မပုခုံး​ပေါ်မှာထမ်း​ဆောင်​ထားရတယ်
ကျွန်​မအချစ်​ကိုမကိုးကွယ်​ခဲ့ချင်​​ပေမဲ့ ကိုးကွယ်​ခဲ့မိတယ်
အဲ့တာ​တွေ​ကြောင့်​ရှင့်​ကိုကျွန်​မခါးသီးတဲ့စကားလုံး​တွေနဲ့ငြင်းခဲ့မိတယ်
ဒါ​ပေမဲ့ ကျွန်​မရင်​ထဲက ရှင့်​ကိုချစ်​တဲ့အချစ်​​တွေကို ကျွန်​မထုတ်​မ​ပြောနိုင်​ခဲ့ပဲသိုဝုက်​ထားမိတယ်

ကျွန်​မဝိညာဉ်​သာ တစ်​​ယောက်​​ယောက်​ကိုပူးကပ်​ပြီး တစ်​စက္ကန့်​ဖြစ်​​​စေ တစ်​မိနစ်​ဖြစ်​​စေ ရှင့်​နံ​ဘေးမှာသာအသက်​ရှင်​ခွင့်​ရမယ်​ဆိုရင်
ကျွန်​မရှင့်​ကို​ပြောခဲ့ချင်​မိတဲ့စကားတစ်​ခွန်းက'

"အရမ်းချစ်​တယ်​...ကျန်း​ယောင်​"

Qin Lan Li(ချင်​လန်​လီ)

"လန်​လီ ငါမင်းကိုပထမဆုံး မင်းတို့ဆီကဘုရား​ကျောင်းမှာ ​တွေ့ထဲကချစ်​မိတာ ဒါ​ပေမဲ့ငါ့ရဲ့ နှလုံးသားက အချစ်​ကို အချစ်​မှန်းမသိခဲ့ဘူး

ငါမင်းရဲ့ ​စေ့စပ်​ပွဲသတင်းကြား​တော့ ငါရဲ့ရင်​​တွေကွဲမတတ်​နာကျင်​ရလို့ မင်း​စေ့စပ်​ပွဲကိုငါ ဝင်​ဖျက်​မိတယ်

ငါထင်​မထားခဲ့ဘူး ငါ့ရဲ့ခံစားချက်​​တွေကိုဖွင့်​​ပြောခဲ့မိလိမ့်​မယ်​လို့

ဒါ​ပေမဲ့ ကံကြမ္မာရဲ့လှည့်​ဖြားမှု​တွေ​ကြောင့်​ ငါကျင့်​စဉ်​​တွေ ဂူ​အောင်း​လေ့ကျင့်​​နေတုန်းမှာ မင်းဒီဘဝထဲက အပြီးအပိုင်​ထွက်​သွားခဲ့တယ်

ငါ မင်း​ပေးခိုင်းထားတဲ့ စာ​လေးကို ဖတ်​ပြီး ဘယ်​​လောက်​ရင်​နာခဲ့ရလဲ လန်​လီ မင်းသိလား
ငါ မင်းကို မကာကွယ်​​ပေးနိုင်​ခဲ့ဘူး

အကယ်​၍ ​နောက်​ဘဝများရှိခဲ့​သြော်

"မင်းကိုပဲဆက်​ချစ်​ချင်​တယ်​ လန်​လီ"

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now