Episode 15

81 12 0
                                    

Zaw Gyi

Lan Li ရေမိုးချိုးပြီး ဧည့်ခန်းမထဲမနေတော့ပဲ စာကြည့်ခန်းထဲ ​နေလိုက်တယ်။ အခန်းဟာ စာကြည့်ခန်းဖြစ်တဲ့အတွက်ကြောင့် အလင်း​ရောင်အဝင်အထွက်ကောင်းသည်။ အဝင်ကနေ ဖိနပ်ချွတ်ပြီး ဒူး​လောက်အမြင့်ရှိတဲ့ သစ်သားခင်းပော်ကိုတက်ပြီး စာကြည့်​ဆောင်ထဲဝင်ရသည်။ စာကြည့်ဆောင်ရဲ့ပုံစံက စက်ဝိုင်းပုံစံ တည်ဆောက်ထားတယ်။ စာအုပ်စင်​တွေကိုလည်း ခန်းမရဲ့ပုံစံအတိုင်းတည်ဆောက်ထားတယ်။

ခန်းမရဲ့အလယ်မှာတော့ သစ်သားလိုက်ကာတစ်ခုနဲ့ အခန်း၂ခန်း ခွဲခါးထားတယ်။ အဲ့နောက်ဘက်ထဲမှာ အဝင်ဝကိုကြောပေးထားတဲ့ စာကြည့်ခုံပုလေးတစ်ခုရှိနေတယ်။ မျက်နှာချင်းဆိုင်မှာတော့ လူတစ်ရပ်စာလောက်ရှိတဲ့ စက်ဝိုင်းပုံစံ ပြတင်းပေါက်တစ်ခု။ ပြတင်းပေါက်တွေကိုကာထားတဲ့ အဖြူရောင်လိုက်ကာစေလေးတွေကလည်း လေအလွင့်မှာ တလှုပ်လှုပ် လှုပ်ခတ်နေတယ်။

Lan Li စာကြည့်ခန်းမထဲဝင်ပြီး အ​နောက်ဘက်ခြမ်း အခန်းထဲကိုဝင်လိုက်တယ်။ ပြီးနောက် အဲ့စားပွဲခုံပု​လေးဘေးမှာထိုင်ပြီးစားပွဲခုံပေါ်က ဂိုဏ်းငယ်သားတွေရဲ့ စစ်ဆေးပေးရမယ့် အစီအရင်ခံစာတွေကို စစ်ဆေးပေးနေလိုက်တယ်။ အဲ့အချိန်မှာပဲ...

"အမတော်......." ဆိုပြီးအသံပိစိလေးနဲ့
လက်သေးသေးလေးတွေရဲ့ နောက်ကနေမမှီတမှီသိမ်းဖက်တာကိုခံလိုက်ရတယ်။

လှည့်ကြည့်လိုက်တော့ ဝတ်ရုံအစိမ်းရောင်လေးကို ဝတ်ထားပြီး ဆံပင်ကိုမြင့်မြင့်လေးစုစည်းထားတယ့် ပါးဖောင်းဖောင်းနဲ့ကောင်လေးတစ်ယောက်။ Qin အိမ်တော်က တပည့်လက်ခံတာတောင် မိန်းကလေးလက်ခံတာများပေမယ့် ဒီကောင်လေးကတော့ Qin အိမ်တော်မှာ Lan Liအတွက် အမှုထမ်းရင်း လွန်ခဲ့တဲ့ ၄နှစ်ကမှ သေဆုံးသွားတဲ့ သူမရဲ့ အထိန်းတော်ရော၊ ကိုယ်ရံတော်ရော၊ ဒုတိယမိခင်ပါ ဖြစ်ခဲ့တဲ့ Qin

"အဲ့တာ နင့်အမ မဟုတ်ဘူး...ငါ့အမ..."

ဂါဝန်အစိမ်းရောင်လေးကိုမကာ ပါးဖောင်းဖောင်းလေးနဲ့ ဆူပုတ်ပြီး စာကြည့်ဆောင်ထဲပြေးဝင်လာတဲ့ ကလေးမလေးတစ်ယောက်။ အဲ့ကလေးမလေးက စာကြည့်ဆောင်ထဲရောက်တော့ Lan Li ကိုဖက်ထားတဲ့ကောင်လေးကို နားရွက်ကနေဆွဲပြီး Lan Liနားကနေဆွဲထုတ်လိုက်တယ်။ အဲ့လိုသူ့အမနားက​ကောင်​လေးကို ဆွဲထုတ်နေတဲ့သူက တခြားသူမဟုတ် Qinအိမ်တော်ရဲ့ ဒုတိယသခင်မလေး၊ Lan Li ရဲ့ ညီမလေး Qin Yu Lan သာ

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now