Episode 5

177 19 2
                                    

နောက်​​နေ့မနက်​ ၅ နာရီ

Bin Shun အိမ်​​တော်​ရဲ့အ​ရှေ့မှာ မျက်​နှာကိုဇာပါး​လေး​​တွေနဲ့ အုပ်​ထားတဲ့မိန်းက​လေး အ​ယောက်​၅၀​လောက်​က ​ဝေါယာဉ်​​တွေနဲ့ Bai Xue Lin ကိုသွားဖို့ လာ​ရောက်​ကြိုဆို​နေကြတယ်​။

သူတို့​တွေ​ဝေါယာဉ်​​ပေါ်အသီးသီး​နေရာယူလိုက်​ပါ လာကြတယ်​။ Zheng Yao နဲ့ Bai Jin တို့အတွက်​က​တော့ဒီခရီးစဉ်​က ​တော်​​တော်​စိတ်​လှုပ်​ရှားဖွယ်​ရာဖြစ်​​နေတယ်​။

ပုံမှန်​အားဖြင့်​ Hua Li မြို့ကိုသူတို့ နှစ်​​ယောက်​ အိမ်​​တော်​ကိစ္စများ​ကြောင့်​ ၃ခါ​လောက်​​ရောက်​ဖူး​နေ​ပေမဲ့ ယခုတစ်​​ခေါက်​ကတမူထူးခြားသည်​။ Hua Li မြို့ရဲ့ Hua Li Shen(ဟွားလီရှန်း) ​တောင်​​ပေါ်သို့သွားဖူး​တော့မည်​ဖြစ်​​တဲ့အတွက်​စိတ်​လှုပ်​ရှား​နေကြခြင်းဖြစ်​တယ်​။

Qin အိမ်​​တော်​က Hua Li Shen ​တောင်​​ပေါ်မှာအ​တော်​​လေးသိုသိုသိပ်​သိပ်​​နေထိုင်​တဲ့အိမ်​​တော်​အဖြစ်​ နာမည်​ကြီးတယ်​။ ​တောင်​​ပေါ်ကိုလည်း တက်​ချင်​တိုင်းတက်​ လို့မရတဲ့​နေရာတစ်​ခု။ အကယ်​၍​တောင်​​အရှင်​သခင်​မ Qinအိမ်​​တော်​သခင်​မရဲ့ ခွင့်​ပြုချက်​မရှိပဲ​တောင်​​ပေါ်တက်​ခဲ့ရင်​ ​တောင်​​ပေါ်မ​ရောက်​ပဲ ​တောင်​​အောက်​​ခြေက ​တောင်​တက်​လမ်းအစကိုပဲပြန်​ပြန်​​ရောက်​သွား​လေ့ရှိတယ်​။

ဒီနှစ်​က​တော့ ​Qin အိမ်​​တော်​ရဲ့ နှစ်​၂၀ မှတစ်​ခါကျင်းပတဲ့ မက်​မွန်​ပွဲ​တော်​​ကြောင့်​ ​တောင်​သခင်​မကြီးက သူတို့ကို ဧည့်​သည်​အ​နေနဲ့ ​တောင်​​ပေါ်အတက်​အဆင်းကို ပွဲ​တော်​ပြီးသည့်​အချိန်​ထိခွင့်​ပြု​ပေးထားသည်​။

သူတို့ Hua Li Shen ​တောင်​က သူတို့ကြားဖူးသလိုပဲ သစ်​ပင်​ပန်းမန်​​တွေနဲ့အ​တော်​​လေးလှပတယ်​။ တိတ်​ဆိတ်​​အေးချမ်းပြီး ဝိညာဉ်​စွမ်းအင်​​​တွေကလည်းအ​တော်​​လေးကြွယ်​ဝတယ်​။ ဒီလို​နေရာမျိုးမှာသာကျင့်​ကြံရင်​ဝိညာဉ်​စွမ်းအင် တိုးတက်​မှုရှိမှာအ​သေအချာပဲ။ Zheng Yao တစ်​​ယောက်​အ​တွေးနယ်​ချဲ့​နေတာနဲ့ သူတို့ Qin အိမ်​​တော်​​ရှေ့​ရောက်​​နေပြီဆိုတာသတိမထားမိလိုက်​။

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now