အပိုင်း၁

250 33 2
                                    

Unicode

မှောင်မည်းနေသည့်ညမှာကြယ်တွေကလင်းလက်နေသည် မှိတ်တုတ်မှိတ်တုတ်ကြယ်တွေကလမ်းပျောက်သူအတွက်အဖော်ပြုပေးသလိုအထီးကျန်ဆန်တဲ့သူကိုလည်းအဖော်ပြုပေးလို့နေသည်

အလုပ်မှပြန်လာသည့်လမ်းခရီးမှာတိတ်ဆိတ်နေသဖြင့် ကားရေဒီယိုကိုဖွင့်လိုက်သည်
ညနေခင်း အစီအစဥ်ကိုဖွင့်ထားလိုက်ရင်းရှေ့ကြည့်ရင်းယွင်ရှီးကားမောင်းရင်းနားထောင်နေလိုက်သည်

"ဒီနေ့ ကျနော်တို့အစီအစဥ်ကနေ တခုကြေငြာပေးမှာကတော့ဒီည ကြယ်ကြွေမယ်လို့သတင်းကြားထားပါတယ် ကြယ်တွေထောင်နဲ့ချီပြီးကြွေမယ်တဲ့ ကြယ်ကြွေရင်ဆုတောင်းပြည့်တယ်လို့လည်းပုံပြင်တွေ ပြောစကားတွေလည်းရှိတာပေါ့ ပရိသတ်ကြီးရော ယုံကြည်လား ဒီနေ့ကလပြည့်လည်းဖြစ်တာမို့ ကောင်းကင်ကကြယ်တွေကိုလည်းရှင်းရှင်းလင်းလင်းမြင်ရဖို့အခွင့်အရေးပါနော်.........."

ကြယ်ကြွေရင်ဆုတောင်းပြည့်သည်ဟုလည်းကြားဖူးပါသည်မြို့ပြဖြစ်သည်မို့ ကြယ်ကြွေသည်ဆိုသည်မှာလည်းအထူးအဆန်းဖြစ်လို့နေသည်

ကြယ်ကြွေမယ်တဲ့လား..မနက်ဖြန်လည်းအလုပ်နားရက်မို့ ကြယ်ကြွေတာကိုဒီညရအောင်ကြည့်ပါဦးမည် ...

ကျနော်အိမ်ရောက်တာနဲ့ရေမိုးချိုးပြီးခဏအနားယူလိုက်သည်ပြီးမှ မေမေတို့နှင့်ထမင်းစားပြီး ခဏနေမှ အပေါ်ထပ်တက်ပြီး ဝရန်းတာမှာကြယ်ကြည့်ရန်အတွက် အခင်းယူလိုက်သည်
ဝရန်းတာအလယ်လောက်မှာ အခင်းကိုသေချာခင်းရင်း Bluetooth box လေးကိုဘေးချကာ သီချင်းဖွင့်ထားလိုက်သည်.သီချင်းလိုက်ညည်းရင်းကောင်းကင်ကြီးကိုငေးကြည့်နေမိသည်.

"ဂျိမ်း"

အသံကြားရာဘက်လှည့်ကြည့်လိုက်တော့
ဖေးယွီ..

ဖေးယွီကကျနော့်အိမ်နီးချင်းငယ်ငယ်တုန်းက ဖေးယွီနှင့်ဆော့ကစားပြီးအတော်လည်းခင်သည်
ဖေးယွီကအဲ့တုန်းကပါးလေးတွေလည်းဖောင်းပြီးဝဝတုတ်တုတ်လေး ချစ်ဖို့လည်းကောင်းလွန်းသည်..သူနဲ့ကျောင်းကပြန်လာတိုင်းဆော့ဖြစ်သလိုကျောင်းပိတ်ရက်တွေဆိုလည်း ကိုယ့်အိမ်သူသွား သူ့အိမ်ကိုယ်သွား..ဖေးယွီဟာတကယ့်ကိုနွေးထွေးပြီး လိမ္မာတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ် ဒါမဲ့နောက်ပိုင်းကျနော်ပြည်ပမှာစာ၄နှစ်သွားသင်ပြီးနောက်ပိုင်းပြန်လာတော့ဖေးယွီနှင့်သိပ်မတွေ့ဖြစ်တော့

🌠Shooting stars fulfill wishes🌠Where stories live. Discover now