အပိုင်း၅

142 24 3
                                    

Unicode

အတ္တ..ခင်များကိုချစ်မိလို့အရယူခြင်းဟာကျနော်အတ္တကြီးလို့ဆိုရင်..

ပြုံးပြုံးလေးနဲ့ပဲတုံ့ပြန်လိုက်မယ်
ဘာလို့ဆို အခေါ်ခံရတဲ့နာမည်ဆိုးပေမယ့်ခင်များကိုတော့ကျနော်ပိုင်လိုက်ပြီဆိုတဲ့အမှန်တရားကိုသူတို့ငြင်းလို့မရဘူးလေ...

ကျနော်ခပ်ထားတဲ့ဆေးက၁နာရီပဲအလုပ်လုပ်တာမို့အဘွားဆီကအမွေရထားတဲ့စံအိမ်ဆီကိုအမြန်ရောက်အောင်သွားလိုက်ရတယ်..
သေချာတာကတော့ခင်များနိုးလာရင်..
စောက်ရေးမပါတဲ့စကားတွေနဲ့ရင်ဆိုင်ရမှာပျင်းဖို့သိပ်ကောင်းမှာသေချာတယ်

အရူးလို့ပဲပြောမလားတော့မသိခင်များအခုလိုကျနော်ကားမောင်းနေတာရဲ့ဘေးမှာပူပင်မှုမရှိပဲ
မျက်လွှာလေးစင်းရင်းအိပ်မောကျနေတာက မသိရင်အခုမှလက်ထပ်ပြီးဟန်နီးမွန်းထွက်လာတဲ့ကြင်စဦးမောင်နှံလို..အင်းတဖက်သက်အတွေးဆိုပေမယ့်လည်းပေါ့..

မကြာခင်မှာပဲစံအိမ်ခြံဝကိုရောက်လာခဲ့သည်စံအိမ်ကခြံနှင့်လည်းအနည်းငယ်ဝေးသေးသည်မို့ထွက်ပြေးရင်လည်းသူကလွယ်လွယ်နဲ့ပြန်ဖမ်းနိုင်တာမို့...ကားနဲ့ဆိုရင်တော့အလွန်ဆုံး၃/၄မိနစ်
ဟက်...ခင်များနဲ့ပတ်သက်လာရင်လူကအများကြီးတွေးရတာမကြိုက်ဘူးထင်ပါရဲ့..

ယွင်ရှီးကိုပွေ့ချီရင်းကားပေါ်ကဆင်းလာတော့အိမ်ရှေ့ဝမှာစောင့်ကြိုနေတဲ့အိမ်တော်ထိန်း

"သခင်လေး .."

စကားဆက်မပြောရန်မျက်လုံးနှင့်သာစေ့စေ့ကြည့်လိုက်တော့ပြောမည့်စကားတို့အားထိန်းချုပ်ရင်းရှေ့ကဦးဆောင်ကာအပေါ်ထပ်ကကျွန်တော့်အခန်းတံခါးကိုအလိုက်သိစွာဖွင့်ပေးသည်...

အခန်းအပြင်အဆင်တို့ကားမပြောင်းလဲ..အဖြူနဲ့အပြာ..အဖြူ..မှန်သည်..ရင်ခွင်ထဲကသူထားခဲ့တုန်းကသူ့ကိုလွမ်းရစ်ပြီးကျန်ခဲ့တဲ့ကျနော့်ခေါင်းထဲကအတွေးတွေကသူ့ကိုသာ
သူ့ကကျနော့်အတွက်တော့အဖြူရောင်တိမ်တိုက်လေးလိုမို့..အခန်းကိုအဖြူပြောင်သက်သက်သာသုတ်ခိုင်းခဲ့ပြီး..ထိုအဖြူရောင်နှင့်လူချင်းမဆက်နွှယ်နိုင်ရင်တောင်အရောင်ချင်းတော့ဆက်နွှယ်လို့ရလောက်မှာပါဆိုသောအတွေးလေးနှင့်ပရိဘောဂအသုံးအဆောင်တို့ကိုသူအကြိုက်ဆုံးမိုးပြာရောင်ကိုရွေးချယ်လိုက်သည်..

🌠Shooting stars fulfill wishes🌠Where stories live. Discover now