အပိုင်း၄

117 22 6
                                    


Unicode

စေ့စပ်ပွဲကိုတော့ယွင်ရှီးတို့အိမ်မှာပဲကျင်းပဖို့ကြံထားကြသည်တရက်တရက်ဟိုလှည့်ဒီလှည့်နှင့်အချိန်တွေဟာအလွယ်တကူကုန်ဆုံးသွားသည်
မနက်ဖြန်ပင်စေ့စပ်ပွဲနေ့ဖြစ်နေပြီ..

ဖေးယွီကလာမှာလား လာမယ်ဆိုအကြောင်းကြားမယ်ထင်တာပဲ..မလာလို့များလား ....ဒါမဲ့အကြောင်းကြားရလောက်ထိငါတို့ကလည်းဆက်ဆံရေးကောင်းနေကြတာမှမဟုတ်တာ...အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးတရက်လုံးစဥ်းစားနေသည်မှာဖေးယွီလာမလာ..

နေစမ်းပါအုန်းသူလာလာမလာလာပေါ့ ငါကဘာလို့အဲ့လောက်ဖြစ်နေတာ...

အတွေးသံသရာမှာနစ်မြောနေသည်မို့မိန်လီးဝင်လာသည်ကိုတောင်ယွင်ရှီးသတိမထားမိ

"သား မနက်ဖြန်အတွက်စိတ်လှုပ်ရှားနေတာလား"

ထိုအခါမှ
"မေမေအသံမကြားဘာမကြားနဲ့ဘယ်ကတည်းကရောက်နေတာတုန်း"
"မကြာသေးပါဘူးသားရယ် ဘာလည်းထျန်းရီလေးအကြောင်းတွေးပြီးစိတ်လှုပ်ရှားနေတာလား"
ယွင်ရှီးဘာမှမပြောဘဲပြုံးသာပြုံးနေလိုက်သည်
အမှန်တကယ်ကသူတွေးနေသည်ကထျန်းရီမဟုတ်ဘဲဟိုကောင်လေး...

__________________________________

မပိုင်ဆိုင်နိုင်မယ့် မဖြစ်နိုင်မယ့်အရာကိုမှမက်မောကြတာလူတွေရဲ့သဘာဝပဲမလား...
ကျနော့်အတွက်လည်းယွင်ရှီးခင်များကအဲ့အတိုင်းပဲ...

စေ့စပ်ပွဲနေ့နီးလာတာနဲ့အမျှ ရင်ထဲအပူတွေသာတိုးလာခဲ့သည် ညဘက်တွေလည်းအိပ်လို့မပျော် လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့အတွေးဝင်တိုင်း အသည်းခိုက်အောင်နာကျင်နေရသည်

ဘာများလုပ်မိလို့ဒီလိုအပြစ်တွေခံနေရတာလဲ
သူ့ကိုမှဘာလို့ရွေးပြီး ဒီလောက်နာကျင်အောင်လုပ်နေရတာလဲ ...

ဆုတောင်းဆိုတဲ့အရာဆိုတာကလည်းမပြည့်တာများနေမယ့်အတူ ဘာလို့များယုံကြည်ပြီးဆုတောင်းခဲ့မိတာလဲ..

"ယုံတယ်လို့ပြောလို့ရတယ် ဘာလို့ဆို ဆုတောင်းလိုက်လို့ပြည့်ရင်အမြတ်ဖြစ်သလို
မပြည့်ရင်လည်းအရင်းပဲပေါ့ အရှုံးမရှိတာမို့ယုံတယ်"

🌠Shooting stars fulfill wishes🌠Where stories live. Discover now